26 C
Yangon

စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာရှိ စခန်းကုန်းမှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ပြုလုပ်

Must read

စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်သား တချို့ ရခိုင်ပြည်နယ် ပို့ဆောင်ခံရ

ရန်ကုန်၊ မေ ၂၁

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာရှိ စခန်းကုန်းမှ အကြမ်းဖက် စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

မေလ ၈ ရက်နေ့တွင် စလင်းမြို့နယ်၊ ငလှိုင်တွင်းကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကုန်းမှ အင်အား ၄၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ စခန်း စွန့်ခွာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီးနောက် မေလ ၉ ရက်နေ့တွင် မင်းဘူးခရိုင် အမှတ် ၁ ၊ ၅ တပ်ရင်းများမှ တော်လှန်ရေး ရဲဘော်များက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းစဥ်များ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

“စစ်သားတွေက အကုန်ဖျက်ဆီး သယ်ယူသွားကြပါတယ်။ ဒီဘက်ကလည်းအကုန်မြေလှန်ရှင်းလင်း မီးရှို့ခဲ့ပါတယ်” ဟု အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်သားများထဲမှ တချို့ကို ရခိုင်ပြည်နယ် ပို့ဆောင်ပြီး ကျန်ရှိသော စစ်သားများကို ကန်ပြားရဲစခန်းတွင် ထားရှိကြောင်း အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article