25 C
Yangon

ဘုတ်ပြင်းနှင့် တနင်္သာရီ မြို့နယ်ရှိ စစ်တပ်၏ ခလရ ၅၆၀ ၊ ခမရ ၅၅၆ နှင့် တုံးဗျောကြီးစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၁

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၅၆၀ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၂ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ် အကြမ်းဖက် စစ်တပ်၏ ခလရ ၅၆၀ တပ်ရင်းရှိ မွေးမြူရေးခြံကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ထိခိုက်တာတော့ ကြားတယ်။ သေဆုံးစာရင်းက သတင်အရမ်းဖုံးတော့ မရသေးဘူး။ အဲတပ်ရင်းက ဘုတ်ပြင်းမြို့နယ် ထဲက တပ်ရင်းပါ” ဟု ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းခရိုင်ဒရုန်းတပ်ဖွဲ့ DragonSquad -TNI Uav Forceနှင့် ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၁၈ ရက်နေ့ကလည်း တနင်္သာရီမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၆ (ဇဝဲတပ်ရင်း) နှင့် တုံးဗျောကြီးစခန်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၄ ကြိမ် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Dragon Squad TNI အဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Dragon Squad TNI ၊ မြိတ်-ပကဖ၊ တနင်္သာရီ-ပကဖ၊ ကျွန်းစု-ပကဖနှင့် ပုလော-ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article