25 C
Yangon

တွန်းဇံမြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ် အများအပြား ပျက်စီးကာ မြို့ပေါ်နေ ပြည်သူ အားလုံးနှင့် ကျေးရွာ ၁၅ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မေ ၂၁

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် အများအပြား ပျက်စီးကာ မြို့ပေါ်နေ ပြည်သူ အားလုံးနှင့် ကျေးရွာ ၁၅ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ယနေ့ မေလ ၂၁ ရက်နေ့ နံနက် ၅ နာရီမှ စတင်ကာ တွန်းဇံမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ် ၄ဝ ထက်မနည်း ပြုလုပ်ခဲ့ခြင်းကြောင့် မြို့နေ ပြည်သူ အားလုံး မြို့ကို စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုများကြောင့် တွန်းဇံမြို့ပေါ်ရှိ ခေါဝုန်လေးဆန် ရပ်ကွက်မှ နေအိမ် ၃၀ ကျော် ပျက်စီးပြီး လုံတပ်ကျေးရွာနှင့် ဖိုင်တူကျေးရွာများတွင်လည်း ဘုရားကျောင်း အပါအဝင် နေအိမ် ၁ဝ ကျော် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

တွန်းဇံမြို့နယ် အတွင်း တိုက်ပွဲများကြောင့် ကျေးရွာ ၁၅ ရွာနှင့် မြို့ပေါ် ရပ်ကွက်မှ ပြည်သူ အားလုံး စစ်ဘေး ရှောင်တိမ်းနေရပြီး စစ်ဘေးရှောင်လူဦးရေ ပိုမို မြှင့်တက်လာကြောင်း၊ ထွက်ပြေး တိမ်း‌ရှောင်ရန် ခက်ခဲသော သက်ကြီးရွယ်အိုများနှင့် ဒေသပြည်သူများအားလုံး နီးစပ်ရာများကို ကူညီပံ့ပိုးမှုများ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများကို SDB ၊ Username – @tonzangadmin ၊ UD – 2661f25c-2283-4e3e-b0cf-54f61cfd5868 နွေဦးဘဏ် အကောင့် မှ တဆင့် ကူညီ ထောက်ပံ့နိုင်ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article