26 C
Yangon

ပလက်၀၊ ရသေ့တောင်တို့တွင် စစ်တပ်က လေကြောင်းပစ်ခတ်မှုနှင့် ရေတပ်သင်္ဘော၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၂

ပလက်၀မြို့နယ်နှင့်ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တို့တွင် ရေတပ်သင်္ဘောက လက်နက်ကြီးပစ်ခတ်ခြင်း နှင့် လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ ၆ ဦး သေဆုံးကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မေလ ၂၁ ရက်နေ့ ညနေပိုင်း ပလက်၀ဒေသ၊ အထက်တရွန်အိုင်ရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကျဲပစ်ခတ်ရာ ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ ၁၀ ဦး ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများမှာ ပလက်ဝဒေသ၊အထက်ဘလိုင်ရွာမှ ခူမီးလူမျိုးများဖြစ်သော ဦးမောင်သိန်းနိုင် အသက် ၃၁နှစ် ၊ဦးအောင်ထွန်း အသက် ၆၇နှစ်၊ ရခိုင်လူမျိုးများဖြစ်သော မစန္ဒာ အသက် ၁၇ နှစ်၊ ဒေါ်လှခိုင်ဦး အသက် ၄၇ နှစ် ၊ဦးအောင်ကျော်ညွှန့် အသက် ၃၃ နှစ်တို့ဖြစ်ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်၀ဒေသ၊ အထက်တရွန်အိုင်ရွာရှိ လူနေအိမ် ၁ လုံး၊ စျေးဆိုင် ၁ ဆိုင်လည်း မီးလောင်ပျက်စီးကြောင်း သိရှိရသည်။

ထို့ပြင် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင်လည်း မေလ ၂၁ ရက်နေ့ စစ်ကောင်စီ ရေတပ်သင်္ဘောက လက်နက် ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

မေ ၂၁ရက်နေ့ နံနက်ပိုင်း ​မောင်​တောမြို့နယ်၊သဝင်ချောင်းရွာပျက်၏ အနောက်ဖက်ပင်လယ်ပြင်ရှိ စစ်ကောင်စီရေတပ်သင်္ဘောက ရသေ့တောင်မြို့နယ်၊စေတီပြင်ရွာကို ဦးတည်ပစ်ခတ်ရာ စေတီပြင်ရွာမှ စစ်ဘေးရှောင် ဦးမောင်ချမ်းအေး အသက် ၆၉ နှစ် သေဆုံးခဲ့ကြောင်း ၊ ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – မြန်မာစစ်ကောင်စီရေတပ်သင်္ဘော၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မြန်မာစစ်ကောင်စီရေတပ်သင်္ဘော၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှု။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article