26 C
Yangon

ငါန်းဇွန်နှင့်နွားထိုးကြီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၇ ရက်နေ့ ည ၇ နာရီအချိန် ငါန်းဇွန်မြို့နယ်၊ ကျွဲဇိမ်အုပ်စု၊ ထန်းတပင်ကျေးရွာတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) ၊မြင်းခြံခရိုင်တပ်ရင်း အမှတ် ၆ တပ်ခွဲ ၃ special Task Force NgaZun ၊ Youths Of Mandalay (Y. O. M) ၊ တံတားဦး ပ. က.ဖ (T. D. U) ၊ မြင်းခြံ နဂါးနီပြောက်ကျား တပ်ဖွဲ့ နှင့် ဧရာဝတီမင်းသား တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် ထန်းတပင်ကျေးရွာအနီး ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေး ရှောင်ပြည်သူများထဲမှ ၃ ဦးကို ဖမ်းဆီးသွားပြီး မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို အဆက်အသွယ်ရရှိခြင်းမရှိသေးပဲ ယနေ့အချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ရန် ကြောက်ရွံ့ပြီး ထွက်ပြေး တိမ်းရှောင်နေရသော စစ်ဘေးရှောင် ပြည်သူများ မှာ တပတ်ကျော်ကြာမြင့်လာပြီး စား၊ဝတ်၊နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ချောင်းဆုံကျေးရွာသို့ ဝင်ရောက်လာသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ဒရဒန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၀ ရက် နေ့ နွားထိုးကြီးမြို့နယ်၊ ချောင်းဆုံးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ 27 Revolution Forces ၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၈ နှင့် မလှိုင် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းတစ်စင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းတစ်စင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article