25 C
Yangon

မရမ်းကုန်း၊ အောင်သပြေရဲဝင်း၊ မြောက်ဥက္ကလာပနှင့် မန္တလေးရှိ စစ်တပ်ပိုင် မြ၀တီဘဏ်တို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီး ရဲတချို့ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ မေ ၂၂

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အောင်သပြေရဲဝင်းကို ယမန်နေ့ညပိုင်း ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲတချို့ ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း NOKA-UG မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၁ ရက်နေ့ ည ၉ နာရီ ၅ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ အောင်သပြေရဲဝင်းကို မြို့ပြပြောက်ကျား စစ်ဆင်ရေးအဖြစ် အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ရဲတချို့ ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း သိရှိရသည်။

“ရဲခွေး နှစ်ကောင်တော့ထိတယ်။ သူ့လူသူအထဲဆွဲ‌သွားတယ်။ စစ်ကား DC ၄ စီးရောက်လားပြီ အဲ့နားမှာ အစစ်အဆေးတော်တော်လေးလုပ်သွားတယ်” ဟု NOKA-UG မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ယမန်နေ့ ည ၉ နာရီ ၈ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ဗုံးပေါက်ကွဲသံ ၂ ချက်ကြားရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ထို့အတူ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ စစ်တပ်ပိုင် မြဝတီဘဏ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၈ မိနစ်အချိန် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို ဆိုင်ကယ်စီးသူ တချို့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ကတော့ ၇၈ လမ်းဘက်မှာ လက်ပစ်ဗုံးနဲ့ ပစ်သွားတယ်ဆိုပြီး အစစ် အဆေး အတော်ကြမ်းတယ်။ ဆိုင်ကယ် ဘောက်တွေပါ ဖွင့်ရှာတာ။ စစ်ခွေးတွေက အကုန် အော်ငေါက်နေခဲ့တာ” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ – မန္တလေးရှိ စစ်တပ်ပိုင် မြ၀တီဘဏ်တွင် ဗုံးတွေ့ရှိ၍ စစ်ဆေးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မန္တလေးရှိ စစ်တပ်ပိုင် မြ၀တီဘဏ်တွင် ဗုံးတွေ့ရှိ၍ စစ်ဆေးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article