26 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်ကိုင်းမြို့ပေါ်က ပါရမီရပ်ကွက်မှာ စစ်ကောင်စီရဲ့ အခွန်ဦးစီးရုံးက Non-CDM ဝန်ထမ်းများတွေနဲ့ လ၀က ဝန်ထမ်းတွေကို တော်လှန်ရေးတပ်တစ်ခုက ဝင်ရောက်ဖမ်းဆီးတဲ့အချိန် အကြမ်းဖက် စစ်တပ်နဲ့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အခွန်-ဒုဦးစီးမှူးနဲ့ လ၀ကဝန်ထမ်းတွေ အပါ အဝင် PDF ၁ ဦး နဲ့ စုစုပေါင်း ၅ ဦး သေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်က မီးသတ်ရုံးအနီးမှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး သေသွားတဲအပြင် လက်နက် ၂ လက်နဲ့ အလာင်းကိုပါ ရရှိထားတယ်လို့ BHA အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ဘုရားမဲစစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်တွေက ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးသေသွားတဲ့အပြင် ၊ အလောင်းလာကောက်တဲ့ စစ်ကြောင်းကို ထပ်မံတိုက်ခိုက်မှုအတွင်း နောက်ထပ် စစ်သား ၂ ဦး ထပ်သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

    (ဤ အစီအစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြိုတွင် ဖွင့်လှစ်ထားသည့် Everything Halal Restaurant မှ ကူညီပံ့ပိုးထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article