28 C
Yangon

ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် AA က အရာရှိ လေ့ကျင့်ရေးသင် တန်းပို့ချပြီး အရာရှိ ၃၂၆ ဦးကို မွေးထုတ်သင်တန်းဆင်း

Must read

AA အရာရှိနှင့် အခြေခံပညာစစ်သင်တန်းများကို ရခိုင်ပြည်တွင် ဆက်တိုက် ဖွင့်လှစ်မည်

ရန်ကုန်| မေ ၂၄

ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် အာရက္ခတပ်တော်AA က အရာရှိလေ့ကျင့်ရေး သင်တန်းကို ပြုလုပ်ခဲ့ပြီး အရာရှိ ၃၂၆ ဦးကို လေ့ကျင့်သင်ကြား သင်တန်းဆင်းပေးလိုကကြောင်း AA က သတင်းထုတ်ပြန်သည်။

စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် အာရက္ခတပ်တော် (AA) ၊ စစ်ရုံးချုပ်က အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် ၃ သင်တန်းဆင်းပွဲ အခမ်းအနားကို ရခိုင်ပြည်အတွင်း မေလ ၂၀ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အာရက္ခတပ်တော်၊ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် ၃ ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ သင်တန်းသူ/ သား ၃၂၆ ဦးတက်ရောက်သင်ကြားခဲ့ပြီး ရက္ခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ဤအရာရှိ များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် “အရာရှိလောင်း”အဖြစ် အသိအမှတ်ပြုပေးခဲ့ကြောင်း၊ ၁၁ လခန့် အကြာ မေလ ၂၀ ရက်နေ့တွင်မှ သင်တန်း ဆင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်ပြုလုပ်သော အရာရှိသင်တန်းကာလသည် ၁ နှစ် နှင့် ၇ လနီးပါးကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်တွင် အာရက္ခတပ်တော်၏ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်း အမှတ်စဉ် ၁ အဖြစ် သင်တန်းသူ/ သား ၁၃၈ ဦးကို သင်ကြားပေးခဲ့ကြောင်း၊ ထို့အတူ သင်တန်း အမှတ်စဉ် ၂ ကိုလည်း ကချင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ သင်တန်း အမှတ်စဉ် ၃ ကိုမူ ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အာရက္ခတပ်တော်၊ အရာရှိသင်တန်း၊ အမှတ်စဉ် ၄ နှင့် အခြေခံစစ်ပညာသင်တန်းများကိုလည်း လာမည့်ကာလများတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်ကို ထပ်မံအသိပေးသွားမည် ဖြစ်ကြောင်း၊ အာရက္ခဒေသမှ လူငယ်၊ လူရွယ်များအနေဖြင့် အမျိုးသားရေးအသိစိတ်ဓာတ်၊ မွေးရာပါအသိစိတ်ဓာတ်တိုဖြင့် သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ အာရက္ခတပ်တော်တွင် စစ်မှုထမ်းရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့် လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာစစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်း AA က တရားဝင် အသိပေးထားသည်။

ဓာတ်ပုံ – ရခိုင်မြေပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပြီးစီးသည့် အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် ၃ မှ သင်တန်းဆင်းပွဲ အခမ်းအနား။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article