27 C
Yangon

မုံရွာတွင် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၊ PDF ထောက်ပို့များကို ဖမ်းဆီးခဲ့သူ၊ ငွေကြေးချမ်းသာသူများကို ဖမ်းဆီးငွေညှစ်သော ရဲအရာခံ ဝင်းနိုင်ကို မြို့ထဲအထိ ပလဖက ဝင်ဖမ်း

Must read

ရန်ကုန်၊ မေ ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၊ PDF ထောက်ပို့များကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ၊ ငွေကြေးချမ်းသာသူများကို ဖမ်းဆီးငွေညှစ်သော ရဲအရာခံ ဝင်းနိုင်ကို မုံရွာမြို့ထဲ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောသည်။

မေလ ၁၉ ရက်နေ့ မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နေဇာလမ်းတွင် လွင်ငါးပိထောင်ဆိုင် ဖွင့်လှစ်ထားသော ရဲအရာခံ ဝင်းနိုင်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံ ရေးအဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ရဲအရာခံဝင်းနိုင်သည် ၂၀၂၁ ခုနှစ် ဇွန်လတွင် မုံရွာခရိုင်မှုခင်းဌာနသို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း၊ ပြည်သူအဖြစ် အသွင်ယူ၍ မုံရွာမြို့ပေါ်၊ ရတနာပုံ၊ ချမ်းမြသာစည်၊ လယ်တီရပ်ကွက် ၃ ခု၏ သတင်းပိုင်းဆိုင်ရာ ထောက်လှမ်းရေးအဖြစ် ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

ရဲအရာခံဝင်းနိုင်သည် ၂၀၂၁ ခုနှစ် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဆီးရန် သတင်းထောက်လှမ်းပေးခဲ့ရကြောင်း၊ ၎င်း၏ သတင်းထောက်လှမ်းပေးမှုကြောင့် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မုံရွာမြို့ စရဖက သာစည်လမ်းထဲတွင် ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် NLD လွှတ်တော်အမတ် မောင်တာအား ဖမ်းဆီးရရှိရေး ဆောင်ရွက်ခဲ့ပြီး ဖမ်းမမိသဖြင့် နေအိမ်ကို ချိတ်ပိတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မုံရွာမြို့ သပိတ်အဖွဲ့ကို ထောက်ပံ့နေသော ကောင်းစစ်မိုးနှင့် လူငယ် ၅ ဦးကိုလည်းကောင်း၊ ရတနာပုံရပ်ကွက်မှ တော်လှန်ရေးရဲဘော်များကို ထောက်ပို့နေသော မဆွေမာဦးကိုလည်းကောင်း၊ မအိအိဖြူကိုလည်းကောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့ပြီး အဓိကအားဖြင့် သတင်းများ ထောက်လှမ်း အတည်ပြု သူအဖြစ် ရဲအရာခံ ဝင်းနိုင်က ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ငွေကြေးချမ်းသာသူများထံမှ ဖမ်းဆီး ငွေညှစ် ခြင်းများ ဆောင်ရွက်ခဲ့ရာတွင် စိန်ဂျော်ကာ ဖိနပ်ဆိုင်ပိုင်ရှင်ကို သိန်း ၅၀၀ ဖြင့် ဖမ်းဆီး ရွေးယူခိုင်းခဲ့ကြောင်း၊ ထိုသို့ ငွေကြေးချမ်းသာသူများကို ဖမ်းဆီးငွေညှစ်ရာတွင် အထက်အရာရှိက ငွေညှစ်ရရှိသော ပမာဏ၏ ၃၀ ရာခိုင်နှုန်းကို ခွဲဝေပေးကြောင်း သိရှိရသည်။

ထို့ပြင် ဘုန်းစိုးရပ်ကွက်မှ စော်ဘွားကြီးသစ်စက်၊ ရတနာပုံရပ်ကွက်မှ သံတို သံစရောင်းချသော ကိုတင်အေးဆိုင်၊ ဘုန်းစိုးရပ်ကွ့က်မှ နှစ်လုံးထီရောင်းသော ဒေါ်ပဲ၊ ချမ်းမြသာစည်ရပ်ကွက်မှ ၃ လုံးထီရောင်းသော ဦးမောင်ဦး၊ ဒေါ်တင်တင်၊ တို့ထံမှ လိုင်းကြေးအဖြစ် တစ်လျှင် ဆိုင်တစ်ဆိုင် ၃၀၀၀၀ နှုန်းကောက်ခံခဲ့ကြောင်း သိရှိရသည်။

အလားတူ အထက်အရာရှိက မုံရွာမြို့ရှိ ငွေကြေးချမ်းသာသူများကို စာရင်းပြုစုခိုင်းသဖြင့် ပြုစုထားပြီး အထက်မှ ငွေကြေးလိုအပ်ချက်ရှိသောအခါ အဆိုပါပုဂ္ဂိုလ်များကို တော်လှန်ရေးနှင့်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီး၍ ငွေ ကြေးရယူမည်ဖြစ်ကြောင်း သိရှိရသည်။

ရဲအရာခံ ဝင်းနိုင်က တာဝန်ယူထားရာ ရပ်ကွက်အတွင်းမှ ဖမ်းဆီးရန် ကျန်ရှိသည့် ငွေကြေးချမ်းသာသူများမှာ ချမ်းမြ သာစည် ရပ်ကွက် နေဇာလမ်းထဲနေ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းအောင် (ချည်မျှင်လုပ်ငန်း)၊ ချမ်း မြသာစည် ရပ်ကွက် ကျွန်တော်အိမ်ဘေးရှိ ခန့်ညား ကုန်စုံဆိုင်ပိုင်ရှင်၊ သာစည်ဈေးအနီးရှိ “ဇော်” ပရိ ဘောဂ ဆိုင်ပိုင်ရှင် ကိုမြင့်ဇော် ၊ သာစည်လမ်းဘေးရှိ “ထိုက်”ဆေးဆိုင်ပိုင်ရှင် တို့ကို စာရင်းပြုစုထားကြောင်း သိရှိရသည်။

လက်ရှိအချိန်အထိ ရပ်ကွက်ထဲ၌ ပြည်သူတစ်ယောက်အနေဖြင့် အသွင်ယူကာ သတင်းထောက်လှမ်း စုံစမ်းကာ အထက်အရာရှိထံတင်ပြနေခြင်းဖြစ်ပြီး ၎င်းနှင့်အတူ တွဲဖက်လုပ်ကိုင်ရသူမှာ မုံရွာခရိုင်မှု ခင်းဌာနမှ တပ်ကြပ်ကြီး ဟန်ဝင်းအောင်ဖြစ်ကြောင်း၊ ဟန်ဝင်းအောင်သည် ထန်းတောရပ်ကွက်နှင့် မုံရွာတောင် ရပ်ကွက်တို့အတွင်းရှိ PDF သတင်း ထောက်လှမ်းခြင်း၊ တော်လှန်ရေးရဲဘော်များအား ပံ့ပိုးကူညီပေးနေသော စီးပွားရေးလုပ်ငန်းရှင်များ၏ သတင်းများအား လိုက်လံ စုံစမ်းခြင်းတို့လုပ် ဆောင်နေသူဖြစ်ပြီး မုံရွာခရိုင်ရုံးအတွင်းနေထိုင်သူဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရရှိသူ ရဲအရာခံဗိုလ်ဝင်းနိုင်သည် အခြေခံရဲတပ်သားသစ်သင်တန်းကို ရဲတပ်ရင်း ၅ မှော်ဘီ တွင်တက်ရောက်ခဲ့ကာ ဧရာဝတီတိုင်း၊ ငပုတော၊ ယင်းမာပင်၊ ရခိုင်ပြည်နယ်၊ မောင်တော၊ အမ်း၊ မန္တလေးနှင့် မုံရွာတို့တွင် လှည်လည်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article