27 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရ၊ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၂၀ ခန့် ပျက်စီး

Must read

ရန်ကုန်၊ မေ ၂၄

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

မေလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းမှ လက်နက်ကြီး ၁ လုံးဖြင့် ကြင်ခါးကုန်းကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၆၆ နှစ်အရွယ် ဦးလှသန်း လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၂၀ ရက်နေ့တွင် မိုးသက်လေပြင်း ကျရောက်မှုကြောင့် ဒိုးတာကျေးရွာမှ နေအိမ် ၁ လုံး၊ ခိုလိုကျေးရွာမှ နေအိမ် ၁ လုံး၊ နတ်တလင်းကျေးရွာမှ နေအိမ် ၈ လုံး၊ ဖူတလေးကျေးရွာမှ နေအိမ် ၃ လုံး နှင့် ကျောက်စရေ ကျေးရွာမှ နေအိမ် ၇ လုံး စုစုပေါင်း နေအိမ် အလုံး ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အင်းဗလာကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေပြည်သူ အသက် ၆၇ နှစ်အရွယ် ဒေါအုန်းကြည် လက်နက်ကြီး ကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article