25 C
Yangon

မြင်းခြံမြို့နယ်၊ ကံချောရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၂၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကံချောကျေးရွာ ဘုန်းကြီးတွင် ဝင်ရောက်တပ်စွဲသည့် အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၂ ရက် နံနက် ၁၀ နာရီခန့်က အင်းအား ၅၀ ခန့်ဖြင့် မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှ စစ်ကြောင်းထိုး လာပြီး ကံချောကျေးရွာဘုန်းကြီးကျောင်းသို့ ဝင်ရောက်တပ်စွဲသည့် အကြမ်း ဖက် စစ်တပ်သား များကို ဒရုန်း ၃ စီး ဖြင့် ဗုံးသီး ၁၁ လုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများမှာ ချက်ချင်းပြန် ဆုတ် ပြေးသွားကြောင်း သိရသည်။

“ပထမ တစ်ကြိမ်က ဒရုန်း ၃ စင်းနဲ့ ဗုံးသီး ၉ လုံးတပြိုင်တည်းချတာ။ ရှောင်ချိန်တိမ်းချိန်မရအောင်၊ Fixed Wings ဒရုန်းက ၃ စီး၊ လေးလက်ဒရုန်းအကြီးက တစ်စီးနဲ့ လေးလက်ပေါင်းချတာပေါ့။ ထိချက်ကကောင်းသွားတာ။ ၆ ကောင်အပြင်းအထန်ဒဏ်ရာရတယ်။ သေဖို့တော့ များတယ်။ ချက် ချင်းမသေသေးတာ။ ဗုံးလဲချခံရပြီးတော့ လူနာတွေရောတစ်ခါတည်းသယ်ပြီးတော့ နဘူးအိုင်ဘက်ကို တခါတည်းထွက်ပြေးတာ။” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article