25 C
Yangon

NUG ဒုဝန်ကြီးနှင့် ကနေဒါလွှတ်တော် Parliamentary Friends of Burma Group တို့တွေ့ဆုံဆွေးနွေး

Must read

ရန်ကုန်၊ မေ ၂၄

ကနေဒါနိုင်ငံ၊ အော်တိုဝါမြို့ရှိ Parliament Hill ခန်းမတွင် NUG အစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး နှင့်အဖွဲ့သည် ကနေဒါလွှတ်တော် Parliamentary Friends of Burma Group ၏ ပူးတွဲဥက္ကဌများဖြစ်သော Hon. Adam Chambers နှင့် Garnett Genius တို့နှင့် မေလ ၂၃ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်‌ရေးနှင့် တရားမျှတမှု ဖော်ဆောင်‌ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးရေး၊ ပဋိပက္ခဒေသများ၏ အမျိုးသမီးနှင့် ကလေးသူငယ်များ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် ပံ့ပိုးကူညီရေး၊ အကြမ်းဖက်စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်းလုံခြုံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် “မြန်မာနိုင်ငံအတွက် အများပါဝင်မှုရှိသော ဒီမိုကရေစီ အနာဂတ်ဆီသို့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း၊ စကားဝိုင်းဆွေးနွေးပွဲသို့ အထက်လွှတ်တော်ကိုယ်စားလှယ်များ၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကနေဒါရောက် မြန်မာပြည်သူများ၊ ကနေဒါ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article