25 C
Yangon

မြောင်မြို့နယ်၊ PDF စခန်းကို ဝင်ရောက်စီးနင်းသော စစ်တပ်ကို တုံ့ပြန်တိုက် ခိုက်မှု စစ်သား ၇ ဦးထက်မနည်းသေဆုံး၊ စစ်ကောင်စီက စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်

Must read

မြောင်မြို့နယ်၊ PDF စခန်းကို ဝင်ရောက်စီးနင်းသော စစ်တပ်ကို တုံ့ပြန်တိုက် ခိုက်မှု စစ်သား ၇ ဦးထက်မနည်းသေဆုံး၊ စစ်ကောင်စီက စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို စီးနင်းရန် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းက မြောင်မြို့နယ်၊ ကြာပင်လှကျေးရွာ၊ လက်ယက်မကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းရန် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲ၍ ချီတက်လာခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များက အသင့်စောင့်ကြိုနေရာယူပြီး ခုခံတိုက်ခိုက်ခဲ့ရာ ရှေ့ပြေးတက်လာသည့် အကြမ်းဖက်စစ်သား များ အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ၇ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

“ရွာ ၃ ရွာကြားက PDF စခန်းတစ်ခုကို သတင်းရလို့ ဝင်လာတာ။ ဝင်လာတဲ့အချိန် စခန်းဘေးနားမှာ ဝပ်ပြီး ကြိုပြီးစောင့်တိုက်တာ၊ မီတာ ၃၀ အကွာလောက်ပဲ ရှေ့ပြေးတက်လာတဲ့ တပ်စိပ်ကို ပစ်ခတ် တိုက်တာ။ ၂ ယောက်ပဲကျန်တဲ့ အဲဒီနှစ်ယောက်ဆိုရင် ဘာမှ မလုပ်နိုင်ဘူးဖြစ်သွားတာ၊ တက်လာတာ က ၃ ကြောင်းခွဲပြီးတက်လာဆိုတော့ တခြားစစ်ကြောင်းဘက်ကကောင်တွေက ကူပေးလို့။ ပစ်ကူ မပေးရင် ပွိုင့်တပ်စိတ်က အကုန်သေတယ်။ အဲဒီမှာကိုက တိုက်ပွဲချိန် ၁ နာရီလောက်ကြာတယ်၊ ကိုယ့်ဘက်ကလည်း ခဲယမ်းတော်တော်သုံးလိုက်ရတယ်၊ အဲဒီမှာကို အနည်းဆုံး ၇ ယောက်လောက် ကျမယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်မှ Mi 35 စစ်ရဟတ် ယာဉ်တစ်စီးဖြင့် တက်လာပြီး ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။

“ထိတွေ့တိုက်ပွဲဖြစ်တာကြာတယ်၊ နေ့ခင်းပိုင်းတစ်ပိုင်းလုံးနီးပါပဲ၊ ညနေ ၅ နာရီကျော် ၆ နာရီ လောက်မှ ပြီးသွားတာ။ စစ်တပ်ဘက်က အထိအခိုက်များပြီး ပိတ်မိနေတော့ Mi 35 နဲ့လာပစ် ပြီးတော့ ကယ်ထုတ်သွားတာ။ Mi35 နဲ့ပစ်တာ ၁ နာရီကျော်ကျော်လောက်ကြာတယ်။ မုံရွာ နမခ တက်လာပြီး ပစ်ပေးတာ။ အဲလိုလာပစ်တဲ့ချိန်မှာပဲ အောက်မှာရှိ စခတွေကလည်း ညာသံတွေ ဘာတွေပေးပြီးတော့ တက်လာတာ၊ အဲဒီအချိန်မှာ ကိုယ့်လူတွေကလည်း ဆုတ်ပေးလိုက်ရတာပေါ့။ အပေါ်ရော အောက်ရောဆိုတော့။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ်သားများမှာလည်း PDF စခန်းကို မီးရှို့ပြီး ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေး ရွာသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ အကြမ်းဖက်စစ်သားများ နတ်ရေကန်ကျေးရွာသို့ရောက်ရှိချိန် အကြမ်းဖက်စစ်သားများတပ်စွဲထားရာနေရာ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article