25 C
Yangon

ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်တပ်၏ တွဲကားယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်တပ်၏ တွဲကားယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် နတ်ရေကန်နှင့် ရေးပိုးစားကန်ကြား၌ အ ကြမ်းဖက်စစ်တပ်တွဲကားယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defense Force – South Monywa မှ Daung Karyan က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂၄ ရက် ညနေ ၆ နာရီ ၆ မိနစ်အချိန်က ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများ တင်ဆောင် ပြီး ထွက်လာသော တွဲကား ၉ စီးသည် နတ်ရေကန်ဂိတ်တွင် ခေတ္တနား၍ မြင်းမူဘက်သို့ ဆက်လက် ထွက်ခွာလာစဉ် ၅ စီးမြောက်တွဲကားကို ချောင်းဦးမြိုနယ်၊ နတ်ရေကန်နှင့် ရေးပိုးစားကန်ကြား၌ ပဒေသာမိုင်း ၅ လုံး၊ ၈ စီးမြောက်တွဲကားကို ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့တာ၊ ၈ စီးမြောက်တွဲကားက ခေါင်မိုးပါလန်ပြီး ထိုးရပ်သွားတယ်၊ ခဏ လောက်ရပ်သွားပြီးတော့ ပြန်ဆက်မောင်းသွားပါတယ်။“ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့တာ၊ ၈ စီးမြောက်တွဲကားက ခေါင်မိုးပါလန်ပြီး ထိုးရပ်သွားတယ်၊ ခဏ လောက်ရပ်သွားပြီးတော့ ပြန်ဆက်မောင်းသွားပါတယ်။ အဲဒီကား ပေါ်က စစ်သား ၂ ဦး အပြင်း အထန် ဒဏ်ရာရပြီး တစ်ဦးသေတယ်လို့ တိကျတဲ့သတင်းရင်းမြစ်ဆီက ရထားပါတယ်။ အပြန် အလှန် ပစ်ခတ်မှုတော့ မဖြစ်ခဲ့ဘူး။ သူတို့ဘက်ကတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ် တာရှိပါတယ်” ဟု People’s Defense Force – South Monywa မှ Daung Karyan က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရေပိုးစားကန်ကျေးရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်သား များနှင့် လမ်းပိုင်းကင်းချထားသော အကြမ်းဖက်စစ်သားများက နှစ်ဖက်ညှပ်၍ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defense Force – South Monywa တပ်ခွဲ ၁ ၊ နွေဦးလူငယ် People’s Defense Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defense Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒို တပ်ဖွဲ့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြ်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defense Force – South Monywa အနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဆက်လက်ချေမှုန်းတိုက် ခိုက်နိုင်ရန် အတွက် ခဲယမ်းများစွာ လိုအပ် လျက်ရှိပြီး ပြန်လည် ဖြည့်တင်းရန် ရန်ပုံငွေအခက်အခဲများစွာ ရင်ဆိုင်နေရသဖြင့် ပြည်သူများက ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများ သယ်ဆောင်လေ့ရှိသော စစ်ကောင်စီ၏ တွဲကားတစ်စီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article