25 C
Yangon

စစ်ကိုင်းမြို့တွင် စစ်ကောင်စီအရာရှိ အသိုင်းအဝိုင်းမှ အမျိုးသမီး ၁ ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦးက မုဒိမ်းမှု ကျူးလွန်မှု နေပြည်တော်မှ ရဲများ လာရောက် ဖမ်းဆီးရ

Must read

စစ်ကိုင်းမြို့တွင် စစ်ကောင်စီအရာရှိ အသိုင်းအဝိုင်းမှ အမျိုးသမီး ၁ ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦးက မုဒိမ်းမှု ကျူးလွန်မှု နေပြည်တော်မှ ရဲများ လာရောက် ဖမ်းဆီးရ

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းမြို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ဝန်ထမ်း အရာရှိ အသိုင်းအဝိုင်းမှ အမျိုးသမီး ၁ ဦးကို မုဒိမ်းမှု ကျူးလွန်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦးကို စစ်ကိုင်းမြို့မှ ရဲများက ဖမ်းဆီးခြင်းမရှိသောကြောင့် နေပြည်တော်မှ ရဲများ လာရောက် ဖမ်းဆီးရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့ စစ်ကိုင်းတောင်ပေါ်၌ စစ်ကောင်စီ ဝန်ထမ်း အရာရှိ အသိုင်းဝိုင်းမှ အမျိုးသမီး ၁ ဦးသည် ၎င်းချစ်သူနှင့် ချိန်းတွေ့နေစဉ် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ကျော်စိုးနှင့် ဇော်ကြီးတို့က သေနတ်ထောက်၍ ဖမ်းဆီး ခေါ်ဆောင်သွားပြီး မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှု ကျူးလွန်ခံရသော မိန်းကလေးက စစ်ကိုင်းမြို့ ရဲစခန်းကို တိုင်ကြားခဲ့သော်လည်း အရေးယူမှု မရှိခြင်းကြောင်း၊ ထို့ကြောင့် မေလ ၂၅ ရက်နေ့ နေပြည်တော်မှ ရဲများက အထူးကိစ္စရပ်အနေဖြင့် မုဒိမ်းမှု ကျူးလွန်သော စစ်ကိုင်း၊ ပါရမီရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးနှင့် ဇော်ကြီးတို့ကို လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“နေပြည်တော်က ရဲခွေးတွေ လာဖမ်းသွားတာပါ။ ကျော်စိုးက သောတပန် ရပ်ကွက်က ပါရမီ အုပ်ချုပ်ရေးမှူး နုတ်ထွက်သွားတော့ သူက အုပ်ကြီးဖြစ်လာတာ။ ပါရမီလာရင် သေနတ်ကိုင် ကိုယ်ရံတော်နှစ်ယောက်နဲ့လာတာ။ စစ်ကိုင်းတောင်ပေါ်မှာ ပျူစောထီးသင်တန်းပေးတာ စခန်းချတာတွေရှိတယ်” ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှ မဘသ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဝါသ၀နှင့် ပျူစောထီး အဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article