25 C
Yangon

အမေရိကန်ဒေါ်လာ စျေးမြင့်တက်မှု မထိန်းနိုင်တော့ သော စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေအဝယ်အရောင်းနှင့် စျေးကစားသည့် Facebook Page နှင့် အင်တာနက်စာမျက်နှာ ၁၆ ခုကို ဖော်ထုတ်အရေးယူမည်ဟုဆို

Must read

Facebook Page နှင့် အင်တာနက်စာမျက်နှာများကို အရေးယူရုံမျှဖြင့် ဒေါ်လာတန်ဖိုး မကျနိုင်ဘဲ အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ် မကြာမီရက်ပိုင်းအတွင်း ရောက်ရှိမည်ဟုဆို

ရန်ကုန်၊ မေ ၂၇

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာ စျေးမြင့်တက်မှုကို မထိန်းနိုင်တော့သည့် စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာအဝယ်အရောင်းနှင့် စျေးကစားသည့် အင်တာနက်စာမျက်နှင့် Facebook Page ၁၆ ခုကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

မေလ ၂၆ ရက်နေ့ တွင် စစ်ကောင်စီဗဟိုဘဏ်က ထိုသို့ ကြေညာလာခြင်းဖြစ်ပြီး နိုင်ငံခြားငွေများ ရောင်းဝယ်ပြီး စျေးကစားသည့် အင်တာနက်စာမျက်နှာ နှင့် Facebook Page ၁၆ ခုကို အရေးယူမည်ဖြစ်ကြောင်း၊ အဆိုပါ Page ၁၆ ခုမှာ

၁- ငွေစျေးနှုန်းနှင့်ငွေလွှဲဆိုင်
၂-Moe Latt
၃-Si Thu & bro များ
၄-ရန်ကုန်ငွေစျေး
၅-ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange
၆- ဒေါ်လာရောင်းဝယ်
၇-December Snow
၈- June Lin Htet Naing
၉-Htet Yan Money Exchange
၁၀-Global Value Services-GVS Money Exchange and Transfer
၁၁-Boss Online Money Exchange Services (Family Money Exchange)
၁၂-Lucky Sky Gold Smith
၁၃-Nay Myo Htet
၁၄-Gold Market Myanmar
၁၅- Ye Mon
၁၆- ​Naing Lu တို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Facebook Page နှင့် အင်တာနက်စာမျက်နှာများတွင် တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်၍ စျေးကစားနေသူများကို နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ နှင့် ၄၂ အပြင် အများပြည်သူ အကျိုးထိခိုက်စေသည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြင့်ပါ အရေးယူသွားမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ဆိုသည်။

လက်ရှိတွင် စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၂၀၀ ကျော်ရှိနေပြီးယင်းသို့ ဒေါ်လာတန်ဖိုး မြင့်တက်နေခြင်းမှာ ပြည်တွင်း ဝယ်လိုအားအတွက် လုံလောက်သော ဒေါ်လာငွေကြေး မရှိခြင်း၊ စစ်ကောင်စီက ဒေါ်လာ ရောင်းချပေးမှု မရှိတော့ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၊ Facebook Page နှင့် အင်တာနက်စာမျက်နှာများကို အရေးယူရုံမျှဖြင့် ဒေါ်လာတန်ဖိုး ကျဆင်းစရာမရှိကြောင်း UMFCCI မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

“ဗဟိုဘဏ်ကလည်း သူတို့ လုပ်တာလည်း နည်းလမ်း ကုန်နေပြီဆိုတော့ ဒေါ်လာစျေးတက် မထိန်းနိုင်တော့ ထင်ရာ မြင်ရာ လျှောက်လုပ်တဲ့သဘောပဲ။ အခု ဒေါ်လာတန်ဖိုးတက်တာက ပြည်တွင်းမှာ ဒေါ်လာ ရှားလာတယ်။ စစ်ကောင်စီဗဟိုဘဏ်ကလည်း အရင်လို ထုတ်ကို မရောင်းနိုင်တော့ဘူး။ ဒေါ်လာက ပြင်ပ ပုဂ္ဂလိက စီးပွား ရေးသမားတွေ လက်ထဲမှာကို အတော်ကို နည်းပါးလာတာ။ စီးပွားရေးက ၃ နှစ်ကျော်လာတော့ နာလန်မထူနိုင်အောင်ကို ဖြစ်နေတာကြောင့်အဓိကပါ။ Facebook Page နဲ့ အင်တာနက်စာမျက်နှာတွေကို အရေးယူရုံနဲ့တော့ ဒေါ်လာတန်ဖိုး မကျနိုင်ပါဘူး။ သိပ်မကြာခင် အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ်ကတော့ ဖြစ်သွားပါလိမ့်မယ်” ဟု UMFCCI မှ စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေနှင့်အဖွဲ့ဝင်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေနှင့်အဖွဲ့ဝင်တချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article