25 C
Yangon

ရွှေဘိုတွင် မိုဘိုင်းလ်ဖုန်းအတွင်း PDF နှင့် ဆက်သွယ်သော မက်ဆေ့ချ်တွေ့သည်ဟုဆိုကာ လူငယ်တစ်ဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်

Must read

ရန်ကုန်၊ မေ ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် မိုဘိုင်းလ်ဖုန်းအတွင်း PDF နှင့် ဆက်သွယ်ထားသော မက်ဆေ့ချ်တွေ့သည်ဟုဆိုကာ လူငယ်တစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း သေဒဏ်ကျခံရသူ၏ မိတ်ဆွေများထံမှ သိရှိရသည်။

ဧပြီလ ၂၉ ရက်နေ့ ရွှေဘိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှ ဖိုးသား (ခေါ်) ကိုနေလင်းဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၊ ယမန်နှစ် ဒီဇင်ဘာလအတွင်း ဖိုးသား (ခေါ်) ကိုနေလင်းဦးသည် ရွှေဘိုမြို့ဘက်သို့ သွားစဉ် စစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ စစ်ဆေးမှု ခံရကြောင်း၊ ထိုသို့ စစ်ဆေးစဉ် မိုဘိုင်းလ်ဖုန်းအတွင်း PDF နှင့် ဆက်သွယ်ထားသော မက်ဆေ့ချ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရကြောင်း၊ ယင်းနောက် ၄ လအကြာ ဧပြီလ ၂၉ ရက်နေ့တွင် သေဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူ့ဖုန်းထဲမှာ PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ မက်ဆေ့ချ်တွေ့တယ်ဆိုပြီး စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာ။အဲဒါ ၄ လအကြာမှာ စစ်ကောင်စီတရားရုံးက သေဒဏ်ချတာ။ အယူခံဝင်ခွင့်ရှိတယ်လို့ပြောတယ်” ဟု မိတ်ဆွေတစ်ဦးက ဆိုသည်။

ရွှေဘိုတွင် သေဒဏ်ချမှတ်ခံရသော ကိုနေလင်းဦးသည် အသက် ၂၈ နှစ်အရွယ်ရှိပြီး PDF မဟုတ်ဘဲ သာမန် အရပ်သား လူငယ်တစ်ဦးသာဖြစ်ကြောင်း၊ PDF သူငယ်ချင်းတချို့နှင့် စကား ဆက်သွယ်ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရွှေဘိုမြို့ရှိ စစ်ကောင်စီတရားရုံးတစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရွှေဘိုမြို့ရှိ စစ်ကောင်စီတရားရုံးတစ်ခု။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article