25 C
Yangon

မြောက်ဥက္ကလာမြို့နယ်၊ အောင်မင်္ဂလာ အနီးရှိ စစ်တပ်၏ အာမီရမ်စက်ရုံ ကင်းစခန်းကို ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၂၇

ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ အောင်မင်္ဂလာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ အာမီရမ်စက်ရုံ ကင်းစခန်းကို ဖောက်ခွဲ တိုက်ခိုက်ရာ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒု တာဝန်ခံက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၅ ရက်နေ့ ည ၉ နာရီ ၅ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ အောင်မင်္ဂလာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ အာမီရမ်စက်ရုံရှေ့ ကင်းစခန်းကို မြောက်ဥကလာပမြို့နယ် ပြည်သူကာကွယ်ရေး ၂ (ပကဖ) မှ ရဲဘော်များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုအတွင်း ကင်းစောင့်နေသူ ၁ ဦး ပြင်းထန် ဒဏ်ရာရပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကင်းကျတဲ့ ၁ ကောင်တော့ ပြင်းထန်ဒဏ်ရာရတယ် မိုင်းက ၃ လုံးမှာ ၂ လုံးပဲ ကွဲတယ်။ မိုးရွာသွန်းမှုကြောင့် ၁ လုံးက error တက်သွားတာ အကြမ်းဖက် စစ်ကောင်စီရဲ့ ထောက်တိုင် မှန်သမျှ ဆက်လက်တိုက်ခိုက်သွားပါမယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒု တာဝန်ခံက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article