26 C
Yangon

ပခုက္ကူမြို့နယ်၊ ဖလံအိုရွာရှိ စစ်တပ် ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ မေ ၂၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းကို အနီး ကပ်ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ဘန်ကာ ၃ ခု အထိ သိမ်းပိုက်နိုင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန် ခံကို ပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂၆ ရက် နံနက် အစောပိုင်း ၄ နာရီအချိန်ခန့်တွင် ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာ၌ အထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ် ကင်းစခန်းကို လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ စစ်ကူအင်အား အများအပြားရောက်ရှိသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“အဲဒီမှာ တပ်စွဲထားတာက အင်အားက ၃၅ ၊ ၄၀ ဝန်းကျင်လောက်ပဲရှိမှာ။ ဘန်ကာ ၅ ခုရှိတယ်။ ၃ ခု အထိ သိမ်းပိုက်နိုင်ခဲ့တယ်။ ကျန်တဲ့ ၂ ခု အတွင်းကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေ တာရယ်။ စစ်ကူအင်အား ၁၀၀ ဝန်းကျင်လောက်ချက်ချင်းရောက်လာတာရယ်ကြောင့် ကျန်တဲ့ ဘန်ကာ ၂ ခုကို မသိမ်းနိုင်တော့ပဲ ပြန်ဆုတ်ခဲ့ရတာ၊ အဲလိုပြန်ဆုတ်တဲ့အချိန်မှာ ကျဆုံးသွားတဲ့ ရဲဘော်ထွန်းနိုင်က ကျန်တဲ့ရဲဘော်တွေ ဆုတ်နိုင်ဖို့ သူတစ်ယောက်တည်း ကာပစ်ပေးပြီး ကျန်ခဲ့တာ။ အဲလိုကျန်ခဲ့ပြီး သူပြန်အဆုတ်မှာ သူ့ဦးခေါင်းကို ကျည်ထိမှန်တာ။ ကျန်တဲ့ရဲဘော်တွေသွားပြီး ကူခဲ့ ပေမယ့် သူ့ကို သယ်ဖို့ ပုခက်ထဲထည့်နေချိန်မှာပဲ ကျဆုံးသွား၊ အလောင်းတော့ ပြန်ရခဲ့ပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကို ပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကျဆုံးသွားသွားသူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အမှတ် ၈၁၅ တပ်ရင်းမှ နိုင်ငံရေးမှူး ရဲဘော် ထွန်းနိုင် (ခ) ကိုအောင်သူရသည် မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂ – ဗက သများအဖွဲ့ချုပ်၏ အဖွဲ့ဝင်ဟောင်းလည်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှု တပ်ရင်း တပ်ဖွဲ့၊ ပခုက္ကူ-မြိုင်-ပေါက်မှ မဟာမိတ်အဖွဲ့များ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ – THURAIN-TR ၊ PAKOKKU UNDERGROUND FORCE ၊ BLACK CHEETAH I PAKOKKU RANGER। TATY GYI । SHWE NYAR MYAE နှင့် YOUNG FORCE-UG အဖွဲ့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၂ – Young Force UG မှ ပြုလုပ်လျက်ရှိသော “အစုံဖြည့်တင်း သူပုန်မြေနင်း မယ်” ကမ်ပိန်းကို မိဘပြည်သူများက ဝိုင်းဝန်းပူးပေါင်းပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံထား သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article