25 C
Yangon

လက်ပံတန်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသည်ဟု စွပ်စွဲခံရသော လင်မယား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၈

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော လင်မယား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၄ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ စီတုန်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် သတင်းပေး အဖြစ် လုပ်ဆောင်နေသော မင်းဇော်ဦး နှင့် ခင်မာကြည် တို့ကို တော်လှန်ရေး ရဲဘော်များက အကြိမ်ကြိမ် သတိပေးနေသည့်ကြားမှ ဆက်လက်လုပ်ဆောင်နေ၍ ၎င်းတို့ နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့သို့ ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် လက်ကိုင်ဖုန်းများတွင် အကြမ်းဖက် စစ်တပ်နှင့် ဆက်သွယ်ထားသည့် အထောက်အထားများ တွေ့ရှိရသောကြောင့် မေလ ၂၅ ရက်နေ့တွင် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော လင်မယား ၂ ဦး သည် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို ကျွေးမွေး ဧည့်ခံခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ လှုပ်ရှားမှုများကို သတင်ယူခြင်း၊ လမ်းပြပေးခြင်းများ ပြုလုပ်နေပြီး မင်းဇော်ဦးသည် လက်ပံတန်းမြို့နယ် ကျေးလက်ဦးစီးဌာနမှ ခန့်အပ်သော မြစိမ်းရောင် အသင်းဥက္ကဋ္ဌ ဖြစ်ပြီး လျှပ်စစ် မီတာခများ ကောက်ခံပေးနေသူဖြစ်ကြောင်း သိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် သေဆုံးသူ ၂ ဦးသည် စစ်တပ်အတွက် အလုပ်လုပ်နေသည်ဆိုသော အခြေအနေများကို အတည်ပြုနိုင်ခြင်း မရှိပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article