25 C
Yangon

ဖျာပုံ၊ လက်ပံကျေးရွာမှ စစ်မှုထမ်းရန် မဲပေါက်သော လူငယ်တစ်ဦးကို ထွက် ပြေးရန် ကြိုးစားသည်ဟုဆိုကာ ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားပြီး သတင်းအစအနမရတော့ဘဲ ပျောက်ဆုံးနေ

Must read

ရန်ကုန် ၊ မေ ၂၈

ဧရာဝတီတိုင်း ဖျာပုံမြိုနယ် လက်ပံကျေးရွာတွင်ု စစ်မှုထမ်းရန် မဲပေါက်ထားသည့် လူငယ်တစ်ဦးကို ထွက်ပြေးရန် ကြိုးစားသည်ဟုဆိုကာ ကျေးရွာအုပ် ချုပ်ရေးအဖွဲ့က ရိုက်နှက်ဖမ်းဆီးပြီး ရဲလက်ထဲအပ်လိုက်ကာ ယခုအခါ သတင်း အစအန မရတော့ဘဲ ပျောက်ဆုံးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၂၄ ရက်နေ့ စစ်မှုထမ်းရန် မဲပေါက်ထားသည့် အသက် ၂၄ နှစ်အရွယ် ကိုချစ်ဆန်းမောင်သည် စစ်မှုမထမ်းလို၍ ထွက်ပြေးခဲ့ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲများက လိုက်လံဖမ်းဆီးကြရာတွင် ကိုချစ်ဆန်းမောင်ကို ဖမ်းဆီးရရှိသွားကြောင်း၊ ယင်းနောက် ရိုက်နှက်စစ်ဆေးပြီးနောက် ကျုံကဒွန်ရဲစခန်းမှ စခန်းမှူးမျိုးဇော်က ခေါ်ဆောင်သွားကြောင်း၊ ယခုအချိန်အထိ ရိုက်နှက်ဖမ်းဆီးခံရသော ကိုချစ်ဆန်းမောင်မှာ သတင်းအစအန ရတော့ဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

“မဲနှိုက်တာ လူကိုယ်တိုင်မနှိုက်ရဘဲ ရွာလူကြီးတွေ နှိုက်ပေးတာပါ။ အဲဒီထပ်ဆိုးတာက သူတို့နှိုက်ပေးတဲ့ မဲ ပေါက်တဲ့ကိုချစ်ဆန်းမောင်က စစ်မှုမထမ်းချင်လို့ ထွက်ပြေးတာမှာ ဖမ်းမိသွားတာ။ ရိုက်နှက်ခံရတာ သွားပါကျိုးတယ်။ အခုအထိသေလား ရှင်လား မသိရသေးဘူး။ ဘယ်ပို့လိုက်မှန်မသိဘူး ခေါ်သွားတာ။ သွားမေးတော့လည်း မပြောဘူး။ ရဲက ခေါ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်မှုထမ်းရန် လူငယ်များအတွက် အုပ်ချုပ်ရေးအဖွဲ့က မဲနှိုက်ပေးရာတွင် အကြမ်း ဖက်စစ်တပ်ခန့် ရွာလူကြီးတင်မောင်သန်း၊ ဆယ်အိမ်မှူးဇော်ထွေးနှင့် မြင့်ဌေးအောင်တို့က မဲနှိုက်ကြခြင်းဖြစ်ပြီး ရွာသားများကို စစ်တပ်နှင့် ပူး ပေါင်း၍ မတရားနှိပ်စက်ခြင်းများလည်း လုပ်ဆောင်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၂ စစ်မှုထမ်းရန် အတင်းအကျပ် ဖိအားပေး ခိုင်းစေခံထားရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအပတ်စဉ် ၂ စစ်မှုထမ်းရန် အတင်းအကျပ် ဖိအားပေး ခိုင်းစေခံထားရသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article