25 C
Yangon

မုံရွာမြို့ ပေါ် မြ၀တီရပ်ကွက်မှ အသက်မပြည့်သေးသည့် ၁၄ နှစ်အရွယ် ကလေး ၁ ဦး အပါအ၀င် လူငယ် ၃ ဦးကို စစ်တပ်က ညပိုင်း ပေါ်တာဆွဲ ဖမ်းဆီးသွား

Must read

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း မုံရွာမြို့ ပေါ် မြ၀တီရပ်ကွက်မှ အသက်မပြည့်သေးသည့် အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအ၀င် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ညပိုင်း ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

မေလ ၂၆ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် မြ၀တီရပ်ကွက်၊ ကန်ဦးကျောင်းအနီး၊ နေအိမ်များကို အိမ်ထောင်စုဇယားဖြင့် တိုက်ဆိုက်စစ်ဆေး ဧည့်စာရင်းစစ်ကြောင်း၊ ယင်းနောက် အသက်မပြည့်သော ကလေးငယ် ၁ ဦး အပါအဝင် လူငယ် ၃ ဦးကို ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်သားတွေ၀င်ဖမ်းသွားတာ။ တစ်ယောက်က ၁၄ နှစ်ပဲရှိသေးတာ၊အိမ် ထောင်စုဇယားကိုင်ပြီး ၀င်ဖမ်းတာ၊၃ ယောက် အဖမ်းခံလိုက်ရတယ်”လို့ မြို့ခံပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က စစ်မှုထမ်းဥပဒေဖြင့် မုံရွာမြို့ပေါ်ရပ်ကွက်မှ ပြည်သူများကို ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်နေကြောင်း၊ နေ့အချိန်တွင်လည်း မုံရွာမြို့အတွင်း သွားလာနေသည့် ပြည်သူများကို ဂိတ်ချ စစ်ဆေး ဖမ်းဆီးမှုများလည်းရှိကြောင်း၊ နေ့ရောညပါ ပြည်သူများမှာ မလုံခြုံသည့် အခြေအနေများကို ခံစားနေရ ကြောင်း သိရှိရသည်။

“ညရောက်မှာကို ကြောက်နေရတာ ၊ ညညဆိုကားတွေနဲ့ ပတ်ပြီး မထင်ရင် မထင်သလို ၀င်၀င် ဆွဲနေတာ၊သူတို့လက်ထဲ ဘယ်ရပ်ကွက်က ဘယ်အိမ်မှာ ယောက်ျား ဘယ်နယောက်ရှိတယ်ဆိုတာ သိနေတာ”ဟု မုံရွာမြို့ခံပြည်သူတစ်ဦးက ရှင်းပြသည်။

မုံရွာမြို့ မြ၀တီရပ်ကွက်တွင် ပြီးခဲ့တဲ့လ ပိုင်း ပထမအကြိမ် လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် မုံရွာမြို့ အင်းဇောင်းရပ်ကွက်၊ထန်းတောရပ်ကွက်၊ပြည်တော်သာရပ်ကွက် စသည့် ရပ်ကွက်များမှ လူငယ်များကိုလည်း စစ်ကောင်စီတပ်များက ဖမ်းဆီးသွားမှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီက ညအချိန် ဧည့်စာရင်းစစ်မှုများ လုပ် ဆောင် နေစဉ်။
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် စစ်ကောင်စီက ညအချိန် ဧည့်စာရင်းစစ်မှုများ လုပ် ဆောင် နေစဉ်။
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article