26 C
Yangon

မြ၀တီတွင် တရုတ်နိုင်ငံသား လင်မယား ၂ ဦးကို တရုတ်ငွေ ယွမ် ၁ သိန်းဖြင့် ကျားဖြန့်လုပ်ငန်းထံသို့ ရောင်းစားခံရမှု တရုတ်ရဲများက အမှုဖွင့် စုံစမ်းနေ

Must read

ရန်ကုန်၊ မေ ၂၈

တရုတ်နိုင်ငံမှ တရုတ်နိုင်ငံသား လင်မယား ၂ ဦးသည် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ကာ အဆိုပါ စုံတွဲသည် မြ၀တီဘက်အခြမ်းတွင် တရုတ်ယွမ်ငွေ ၁ သိန်းဖြင့် ကျားဖြန့် လုပ်ငန်းထံသို့ ရောင်းစားခံရနိုင်သည်ဆိုသော သံသယဖြင့် အမှုဖွင့်ကာ တရုတ်ရဲများက စုံစမ်းနေကြောင်း တရုတ်မီဒီယာတချို့က သတင်းဖော်ပြသည်။

တရုတ်နိုင်ငံ၊ ချုံကင်း(Chongqing)မှ တရုတ်နိုင်ငံသား လင်မယား ၂ ဦးသည် မိတ်ဆွေတစ်ဦးက မိတ်ဆက်လာသော စီးပွားရေးကိစ္စဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် ပြန်ပေးဆွဲခံရကာ မြန်မာနိုင်ငံ မြ၀တီဘက်အခြမ်းတွင် ရောင်းချခံရလိုက်ရကြောင်း ၊ လက်ရှိအချိန်အထိ တရုတ်နိုင်ငံသို့ ပြန်မရောက်ဘဲ ပျောက်ဆုံး နေကြောင်း၊ ယင်းကိစ္စကို Chongqing ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

Mr Wang က ၎င်း၏ ညီမဖြစ်သူနှင့်ယောက်ဖတို့ကို ဧပြီလတွင် မိတ်ဆွေတစ်ဦးက စီးပွားရေးကိစ္စ ပြောဆိုလာသဖြင့် ချုံကင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ဧပြီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံရောက်ရှိခဲ့ပြီး ဧပြီလကုန် တရုတ်နိုင်ငံသို့ ပြန်ရောက်မည်ဟု ပြောဆိုခဲ့ကြောင်း၊ တစ်ပတ်အကြာတွင် ညီမဖြစ်သူက ၎င်းတို့ လင်မယား ၂ ဦး မြန်မာနိုင်ငံတွင် ပိတ်မိနေသည်ဟု မက်ဆေ့ချ်ပို့လာကြောင်း ပြောဆိုသည်။

၎င်း၏ညီမဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့သည် မြ၀တီမြို့နယ်၊ အတွင်း ကျားဖြန့် လုပ်ငန်းတစ်ခုတွင် ရောင်းစားခံရထားပြီး အွန်လိုင်းလိမ်လည်မှုများ အတင်းအကျပ် လုပ်ဆောင်ရန် ဖိအားပေးခံနေရကြောင်း Mr Wang က ပြောဆိုသည်။

မြ၀တီတွင် ရောင်းစားခံရသော တရုတ်လင်မယား ၂ ဦးသည် တရုတ်ယွမ်ငွေ ၁ သိန်းဖြင့် ရောင်းစားခံလိုက်ရသည်ဟု သံသယများစွာရှိနေပြီး လတ်တလော ကျားဖြန့် လုပ်ငန်းများလုပ်ကိုင်သော နယ်မြေတွင် ပိတ်မိနေ ကြောင်း ဆွေမျိုးဖြစ်သူ Mr Li ကလည်း ပြောဆိုသည်။

“သူတို့ကို ထိန်းသိမ်းထားတယ်။ သူတို့အနေနဲ့ တစ်ပတ်တစ်ကြိမ် ဖုန်းခေါ်လို့ရတယ်။ ဒါပေမယ့် မိသားစုကိစ္စပဲ ပြောလို့ရတယ်။ သူတို့အလုပ်ကြောင်း သူတို့ မပြောရဲဘူး။ သူတို့မှာ စောင့်ရှောက်နေတဲ့လူကြီးမိဘတွေနဲ့ သားသမီးတွေ တရုတ်နိုင်ငံမှာ ကျန်ရစ်ပါတယ်” ဟု Mr Li က ရှင်းပြသည်။

လက်ရှိတွင် တရုတ်နိုင်ငံသား လင်မယား ၂ ဦး ရောင်းစားခံရမှုကို ချုံကင်း ရဲစခန်းထံသို့ တိုင်ကြားထားပြီး ရောင်းစားခံရသည့် လင်မယား ၂ ဦး တရုတ်နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိရန် မျှော်လင့်ထားကြောင်း ဆွေမျိုးများက ဆိုသည်။

ချုံကင်းရဲစခန်းကလည်း ယင်းအမှုကို အမှုဖွင့် စုံစမ်းစစ်ဆေးနေပြီး မေလ ၂၄ ရက်နေ့ မြန်မာနိုင်ငံဆိုင်ရာ တ ရုတ် သံရုံးကလည်း ယင်းအမှုကို သံရုံး၏ သံတမန်ဆိုင်ရာ ပုံမှန်လုပ်ငန်းစဉ်များနှင့်အညီ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနသို့ တရားဝင်စာတစ်စောင် ပေးပို့မည်ဖြစ်ကြောင်း၊ မြန်မာဘက် မှ နယ်မြေခံရဲများကိုလည်း ဥပဒေနှင့်အညီ ကိုယ်တွင် ဖြေရှင်းရန် တွန်းအားပေးမည်ဖြစ်ကြောင်း တရုတ်သတင်းမီဒီယာများက ဖော်ပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article