25 C
Yangon

ညောင်လေးပင်ခရိုင်၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ဗုံးကျဲ ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မေ ၂၈

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၈ မိနစ်ခန့်၊ ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နတ်သံကွင်းမှနေ၍ ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ပေါက်ကုန်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ကျေးရွာသို့ လာရောက်လည်ပတ်နေသော ရွှေတဲစု ကျေးရွာမှ အသက် ၆၂ နှစ်အရွယ် ဦးကျော်စိုး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာများဖြင့် ဟီဖိုးဒဲကျေရွာ ဘေးရှိ ပြည်သူများ လုပ်ကိုင် စားသောက်နေသော လယ်ကွင်းများ အတွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့ရာလယ် ကွင်းထဲ၌ လွှတ်ထားသည့် နွား ၄ ကောင် သေဆုံးခဲ့ပြီး နွား ၁၃ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ရာ ကျောင်းကုန်းကျေးရွာ အတွင်း ၂ လုံး၊ ကောက်မဲ့သူကျေးရွာ အတွင်း ၂ လုံး၊ ယောက်သွားကုန်း ကျေးရွာအတွင်း ၄ လုံး နှင့် ကြိတ်ကွင်းကျေးရွာ အတွင်း ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ကြိတ်ကွင်းကျေးရွာနေ စောကူးငယ်၏ နွား ၁ ကောင် လက်နက်ကြီး ထိမှန် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

အလားတူ မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ လေတပ် က မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် မိုညှင်းဒဲကျေးရွာ နှင့် ကွီးဒိုခေါ် ကျေးရွာကို လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရသည်။

ထို့အတူ မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် မူးမြို့နယ် ကွီးဒိုခေါ်နှင့် မောနဲရွာထဲကို အကြမ်း ဖက် စစ်တပ်က ထပ်မံပြီး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ထိခိုက် ပျက်စီးမှု မရှိဘဲ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် မိုညှင်းဒဲကျေးရွာထဲကို ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆောက်အဦး ၁ လုံး ထိမှန် ပျက်စီးသည့် အပြင် အကြမ်းဖက် စစ်တပ်က နံနက် ၈နာရီ ၂၅ မိနစ် အချိန်တွင် တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်ဖြင့် ထပ်မံပစ် ခတ်မှုများကို ပြုလုပ်ခဲ့ကြောင်း KNU ဗဟို က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article