25 C
Yangon

ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် စစ်ကောင်စီက တပ်သားသစ်စုဆောင်းရေးအဖြစ် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ ​မေ ၂၉

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် စစ်ကောင်စီက လူငယ် ၁၀၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူလူငယ်တချို့၏ မိဘဆွေမျိုးများက ပြောဆိုကြသည်။

မေလ ၂၈ ရက်နေ့ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် စစ်မှုထမ်းအပတ်စဉ် ၃ အတွက်ဟုဆိုကာ မြို့အဝင်အထွက်များတွင် ဂိတ်ချစစ်ဆေးခြင်း၊ ညပိုင်းဧည့်စာရင်းစစ်ဆေးခြင်း၊ လမ်းများပေါ်တွင် ကားများဖြင့် လှည့်လည်၍ မှတ်ပုံတင်စစ်ဆေးကာ ဖမ်းဆီးခြင်း အပါအဝင် နည်းလမ်းမျိုးစုံဖြင့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“မနေ့ မနက်ဆို ၉ နာရီလောက်ကတည်းက လမ်းတွေပေါ်မှာ စစ်ဆေးတယ်။ မှတ်ပုံတင်မပါလို့၊ လိုင်စင်မပါလို့၊ ဆိုင်ကယ်ဦးထုပ်မပါလို့ ဆိုပြီး အကြောင်းပြချက်မျိုးစုံနဲ့ လူငယ်တွေကို ကားပေါ်ဆွဲတင်ပြီး ပန်းတောင်းရဲစခန်းကို ခေါ်သွားတယ်။ ပုသိမ်-မုံရွာလမ်းပေါ် ဥသျှစ်ပင်မြို့အထွက် ဘူးဘက်၊ ရသာ၊ ပဲကြီးကျေးရွာထိပ် သူရဲတန်း ဂိတ်တွေမှာ စောင့်ဖမ်းတာ။ မနေ့က လူငယ်တော်တော်များများ အဖမ်းခံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ မေလ ၂၈ ရက်နေ့လည်း စစ်တပ်၊ ပျူစောထီးနှင့် အုပ်ချုပ်ရေးအဖွဲ့များက အိမ်စီးကားများဖြင့် လမ်းများပေါ် လှည့်လည်၍ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး ဥသျှစ်ပင်မြို့မှ လူငယ် ၁၇ ဦး ဖမ်းဆီးခံရကြောင်း၊ သိရှိရသည်။

“မနေ့က တစ်နေ့တည်းတင်ကို လူငယ် ၁၀၀ လောက် အဖမ်းခံရတယ်။ မနေ့ မနက်ပိုင်းက ဘူးဘက် ရသာ စစ်ဆေးရေးဂိတ်မှာ စစ်တယ်။ ဖမ်းတယ်။ အဲဒီမှာ ၅၀ လောက်ပါသွားတယ်။ နောက်တစ်ခါ နေ့လယ်ပိုင်း မှာ လှည့်ပတ်ဖမ်းတာ။ ၁၇ ဦးလောက် အဖမ်းခံရတယ်။ မနေ့ညပိုင်းက ဧည့်စာရင်းစစ်တယ်။ ရဲရော စစ်သားရော ထွေအုပ်ရော မီးသတ်တွေပါ ပါတယ်။ အဲဒီမှာလည်း ၄၀ ကျော်လောက် အဖမ်းခံရတယ်။ စုစုပေါင်း ၁၀၀ နဲ့ ၁၀၀ ကျော်အကြားမှာ အဖမ်းခံရတယ်” ဟု ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး၏ မိဘတစ်ဦးက ဆိုသည်။

ဥသျှစ်ပင်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန် လူငယ်များ ရှာရခက်ခဲသည့်အတွက် စစ်ကောင်စီတပ်သို့ လိုအပ်သော လူဦးရေအတွက် မပေးပို့နိုင်ကြောင်း အသိပေးလာခဲ့ပြီးနောက်ပိုင်းတွင် ယင်းကဲ့သို့ မြို့ပေါ်တွင်ပါ ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကလည်း တပ်သားသစ်စုဆောင်းပေးပါက ပစ်ခတ်လုပ်ကြံခံရမည်စိုးရိမ်၍ တပ်သားသစ်စုဆောင်းရေးအတွက် စာရင်းပေးရုံ၊ ခေါ်ပေးရုံမှ လွဲ၍ အတင်းအကျပ် လုပ်ဆောင်ခြင်းမရှိကြောင်း သိရှိရသည်။

“ရပ်ကွက်ဥက္ကဋ္ဌတွေ၊ ရာအိမ်မှူးတွေကလည်း သူတို့ လူရှာမရဘူးဆိုပြီး တပ်ဘက်ကို ပြောလို့ ပေါ်တာဆွဲတာပြောတယ်။ တချို့ရာအိမ်မှူးတွေကတော့ လူငယ်တွေ ဝင် ဆွဲလိမ့်လို့ သတင်းပေးထားကြတာလည်းရှိတယ်။ မနေ့ က ဆို မနက်ပိုင်းရော နေ့လယ်ပိုင်းရော ညဘက်ပါဝင်ဆွဲတာ။ အခုက လူငယ်တွေ အကုန် ပုန်းနေကြရတယ်။ လူငယ်တွေက စစ်မှုထမ်းဖို့ စာပို့လာရင် ရှောင်နေကြတယ်” ဟု ဥသျှစ်ပင်မြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် ပန်းတောင်းရဲစခန်းသို့ ရောက်ရှိနေသော ဖမ်းဆီးခံရသည့် လူငယ်များနှင့် မိဘဆွေမျိုးများ တွေ့ခွင့်မရဘဲ ဖြစ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်မှုထမ်း အပတ်စဉ် ၂ အတွင်း အတင်းအကျပ် စုဆောင်းခံထားရသော လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်း အပတ်စဉ် ၂ အတွင်း အတင်းအကျပ် စုဆောင်းခံထားရသော လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article