25 C
Yangon

မြန်မာစစ်ကောင်စီက အွန်လိုင်း ကျားဖြန့် သံသယရှိသူ ၄၉၀၀၀ ကျော်ကို တရုတ်နိုင်ငံသို လွှပြောင်းပေးခဲ့

Must read

ရန်ကုန်၊ မေ ၂၉

အကြမ်းဖက်စစ်ကောင်စီက အွန်လိုင်း ကျားဖြန့် ငွေလိမ်လည်ဂိုဏ်းများနှင့်ပတ်သက်သော သံသယရှိသူ ၄၉၀၀၀ ကျော်ကို တရုတ်နိုင်ငံသို လွှပြောင်းပေးခဲ့ကြောင်း တရုတ်အစိုးရက မေလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဇူလိုင်မှ စတင်ကာ လက်ရှိအချိန်အထိ တယ်လီကွန်းနှင့် အင်တာနက်ငွေလိမ်လည်မှုဆိုင်ရာ ရာဇ၀တ်မှုများနှင့် ဆက်စပ် သံသယရှိသူ ၄၉,၀၀၀ ကျော်ကို တရုတ်အစိုးရလက်ထဲသို မြန်မာနိုင်ငံက လွှပြောင်းပေးအပ်ခဲ့ကြောင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန (MPS) က ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်အစပိုင်းမှစပြီး ရှမ်းပြည် မြောက်ပိုင်းတွင် တရုတ် နိုင်ငံသားများ ပါ၀င်သည့် ကျားဖြန့် ငွေလိမ်လည်မှုအရေအတွက်မှာ မြင့်တက်ခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်း

အပါအဝင် ပြစ်မှုပိုင်းဆိုင်ရာ ရာဇ၀တ်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုကြောင့် တရုတ်နိုင်ငံက ရာဇ၀တ်မှုများကို ပြင်းထန်စွာ နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရာ သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သော ၅ နှစ်အတွင်း တရုတ်နိုင်ငံက တယ်လီကွန်းနှင့် ကျားဖြန့် အင်တာနက်လိမ်လည်မှုပေါင်း ၁ ဒသမ ၉၄ သန်းကျော်ကို နှိမ်နင်းခဲ့ကြောင်း၊ လက်ရှိတွင် ကျားဖြန့် လိမ်လည်မှုများ ၈လ ဆက်တိုက်ကျဆင်းလာကြောင်း၊ ကျားဖြန့် လိမ်လည်မှုဆိုင်ရာ ရာဇ၀တ်မှုများ သိသာစွာ လျှော့ချနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှ ကျားဖျန့် အွန်လိုင်းငွေလိမ်လည် ဂိုဏ်း၏ အဓိက တရားခံဖြစ်သော ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက တရုတ်ထံသို ယခုနှစ် ဇန်နဝါရီလတွင် လွှပြောင်းပေးအပ်စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှ ကျားဖျန့် အွန်လိုင်းငွေလိမ်လည် ဂိုဏ်း၏ အဓိက တရားခံဖြစ်သော ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက တရုတ်ထံသို ယခုနှစ် ဇန်နဝါရီလတွင် လွှပြောင်းပေးအပ်စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article