25 C
Yangon

၀ိုင်းမော်မြို့နယ်ရှိ ၊ နောင်စီပေါရွာ စစ်တပ်စခန်းကို KIA က တိုက်ခိုက်သိမ်း ပိုက်ပြီး ၀ိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းကို တိုက်ခိုက်နေ

Must read

ရန်ကုန်၊ မေ ၂၉

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ ၊ နောင်စီပေါရွာ စစ်တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီး ခလရ ၅၈ တပ်ရင်းကို တိုက်ခိုက်နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ နံနက်အစောပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ နောင်စီပေါကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာတွင် နောင်စီပေါရွာ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

“နောင်စီပေါကျေးရွာစစ်တပ်စခန်းက နာရီပိုင်းလောက်ပဲကြာတယ်။ မနေ့မနက်အစောပိုင်းမှာ ဝင်တိုက်ပြီးတော့ ၈ နာရီခွဲလောက်မှာ စခန်းထဲဝင်ပြီး မနက် ၁၀ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်နိုင်တယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မေလ ၂၈ ရက်နေ့ ညပိုင်းမှစတင်၍ ၀ိုင်းမော်မြို့စောင့်တပ်တစ်ခုဖြစ်သော ခလရ ၅၈ ကို KIA ဦးဆောင်သော တပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

“မနေ့ည ၉ နာရီလောက်မှာ ခလရ ၅၈ ကို ဝင်တွယ်နေကြတာ။အခုထက်ထိတော့ တိုက်ပွဲဖြစ်နေတုန်းပဲလို့ သိရတယ်။ စခန်းတော့ မသိမ်းနိုင်သေးဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှစတင်ခဲ့သော စစ်ဆင်ရေးများအတွင်း စစ်ကောင်စီ၏ တပ်စခန်း ၁၀၀ ကျော်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article