25 C
Yangon

Update News- အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၇ သိန်း ၂ သောင်းအထိ စျေးနှုန်းများ ထပ်မံမြင့်တက်ပြီး ရွှေအရောင်းမရှိတော့ဘဲ လုံး၀ ရပ်ဆိုင်းနေ

Must read

ရန်ကုန်၊ မေ ၂၉

ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၇ သိန်း ၂ သောင်းအထိ စျေးနှုန်းများ မြင့်တက်နေပြီး နာရီပိုင်းအတွင်း ရွှေစျေးမှာ ၁ သိန်းခွဲကျပ်နီးပါး ထိုးတက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေစျေးကွက် အရောင်းမရှိတော့ဘူး။ ပစ္စည်းလည်း ထွက်မလာဘူး။ စျေးတွေ တအားအော်နေတာ။ ဒေါ်လာစျေးကလည်း တောက်လျှောက်အတက်ပဲ။ မိနစ်တိုင်း ပြောင်းလဲနေတယ်။ ဒီလောက်ကြီး အတက်ကြမ်းတာ ရွှေလောကဘက်မှာ ဒါက ပထမဦးဆုံးပဲ”ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် စျေးကွက်စတင်ဖွင့်ချိန်က အခေါက်ရွှေစျေးမှာ ၅၅ သိန်း ၃ သောင်း၊ ယင်းနောက် ၅၅ သိန်း ၇ သောင်း၊ ထို့နောက် ၅၅ သိန်း ၉ သောင်း၊ မွန်းလွဲပိုင်းတွင် ၅၆ သိန်း၊ ယခု ညနေ ၃ နာရီဝန်းကျင်အချိန်တွင် ၅၇ သိန်း ၂ သောင်းစသည်ဖြင့် စျေးနှုန်းများ တရှိန်ထိုး မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အရင်စျေးတက်ရင် စံချိန်တင်စျေးဖြင်ရင် ရွှေထွက်လာတယ်။ အခုက ပစ္စည်းထွက်မလာဘူး။ အဲဒါကတော့ အတော်ထူးခြားတယ်” ဟု ရန်ကုန်ရွှေကုန်သည်က ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article