25 C
Yangon

Breaking News- အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၁၀ ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို့ ရောက်ရှိ

Must read

Breaking News- အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၁၀ ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို့ ရောက်ရှိ

■ ရွှေနှင့်ဒေါ်လာ စျေးကွက်နှစ်ခုစလုံး အရောင်းအဝယ် ရပ်ဆိုင်းနေ

ရန်ကုန်၊ မေ ၃၀

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ နံနက်ပိုင်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၁၀ ကျပ်သို့ ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို့ ရောက်ရှိပြီဖြစ်ကြောင်း ရွှေကုန်သည်နှင့်နိုင်ငံခြားငွေလက်ကြီးဒိုင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီမနက် ဒေါ်လာအဖွင့်က တစ်ဒေါ်လာကို ၄၉၉၀ နဲ့ ၅၀၁၀ အကြားမှာရှိပါတယ်။ ၅၀၀၀ ရောက်သွားပြီလို့ ပြောလို့ရတယ်။ အဝယ်အရောင်း ရပ်နေတယ်။ တကယ်လိုတဲ့သူ ၊ တကယ်ရောင်းမယ့်သူ ချိတ်ဆက်ရောင်းတာရှိတယ်။ စျေးကွက်မှာ ပေါ်ပေါ်တင်တင် မရောင်းရဲကြဘူး။ တစ်ဒေါ်လာကို ၅၀၀၀ တော့ ရောက်သွားပါပြီ” ဟု နိုင်ငံခြားငွေ လက်ကြီးဒိုင်တစ်ဦးက ဆိုသည်။

အလားတူ ရွှေစျေးနှုန်းမှာလည်း စတင်ဖွင့်ချိန်တွင် မီးလင်းရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၄ သောင်းဖြင့် စျေးစတင်ဖွင့်ခဲ့ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ၅၈ သိန်း ၈ သောင်းခွဲစျေးသို့ ရောက်ရှိလာကြောင်း၊ သို့ရာတွင် ရွှေတုံးရောင်းချသူများအားလုံး အရောင်းအဝယ် ရပ်နားထားကြောင်း သိရှိရသည်။

“အရောင်းအဝယ်တွေတော့ ရပ်နေပါတယ်။ စျေးကတော့ ဖွင့်ထားတယ်။ ဒီညနေအထိတော့ အတက်ပဲမြင်ပါတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

လက်ရှိတွင် ရွှေကုန်သည်အများစုမှာ ဖမ်းဆီးခံရမည်စိုးရိမ်၍ လုပ်ငန်းရပ်နားပြီး ဖုန်းပိတ်ထားမှုများလည်း ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article