25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပြည်တွင်းစီးပွားရေး ဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၄၆၀၀ ကျော်အထိ စျေးတက် လာတဲ့အချိန် စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အွန်လိုင်းပေါ်မှာ ငွေလဲလှယ်နှုန်းတွေကို မယုံကြည်ဖို့နဲ့ မကြည့်ကြဖို့ဆိုပြီး မေလ ၂၉ ရက်နေ့ဖြစ်တဲ့ မနေ့ကညပိုင်းမှာပဲ ကြေညာလာပြန်ပါတယ်။
  • မြန်မာနိုင်ငံရဲ့ဘတ်ဂျက်လိုငွေပြမှုဟာ အနည်းဆုံး ငွေကျပ်ဘီလီယံ ၁ သောင်းအထက်မှာ ရှိနေတဲ့ အချိန် စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ငွေစက္ကူအသစ်တွေကို အမြောက်အမြား ထုတ်ပေးပြီး လည်ပတ် လာနေတဲ့အတွက် ငွေကြေးဖောင်းပွမှုတွေဖြစ်လာနေပြီလို့ ပုဂ္ဂလိက ဘဏ်တချို့နဲ့ စီးပွားရေး အသိုင်းအ၀ိုင်း က ရန်ကုန်ခေတ်သစ်ကို အတည်ပြု ပြောဆိုထားပါတယ်။
  • ရန်ကုန်မြို့ ၊ တောင်ဥက္ကလာပ မြို့နယ်မှာ တော်လှန်ရေး ရဲဘော် ၁ ဦးကို သေဆုံးတဲ့ အထိ ရိုက်နှက် ဖမ်းဆီးခဲ့တဲ့ ငွေတောင်စားသောက်ဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံနဲ့ တောင်ဒဂုံမြို့နယ်တွေမှာလည်း ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article