25 C
Yangon

ထီးလင်းမြို့နယ်၊ ဆွဲလွဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ

Must read

ထီးလင်းမြို့နယ်၊ ဆွဲလွဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ မေ ၃၀

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆွဲလွဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျွဲ ၁ ကောင် ထိမှန် သေဆုံးခဲ့ကြောင်း YRA-ထီးလင်းတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ မေ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ထီးလင်းမြို့နယ်၊ ဆွဲလွဲကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်စခန်းမှ တက်လာသော တိုက်လေယာဉ် ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စျေးဆိုင်အနီး တောထဲ တစ်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျွဲတစ်ကောင် ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

“မွန်းလွဲ ၂ နာရီလောက်က ဗုံးကျဲ သွားတာပါ။ ဂျက်လေယာဥ်က ပထမ တစ်ခါ ၄ လုံး ကျဲ တာ၊ ၃ ပတ်လောက်ဝဲပြီးတော့ စက်သေနတ်တွေနဲ့လည်း ပစ်တယ်။ ရော့ကတ်တွေနဲ့လည်း ပစ်တယ် ကံ ကောင်းလို့ လူထိခိုက် သေဆုံးတာတော့ မရှိခဲ့ပါဘူး။ တိုက်ပွဲလည်းမရှိဘူး ဘာမှလည်း ထူးခြားတာမရှိဘဲ ရုတ်တရက်ကြီးလာ ပစ်သွားတာပါ” ဟု YRA-ထီးလင်းတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထီလင်းမြို့နယ်အတွင်း၌ ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ Y-12 လေယာဥ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ်၊ ဧပြီလ ၂၆ ရက်နေ့ကလည်း MI -35 တစ်စီးဖြင့် တစ်ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

“မနေ့ကလည်း လေယာဉ်နဲ့ လာပစ်တာ ဟုတ်တယ်၊ ခုလထဲမှာကို နှစ်ခါရှိပြီ။ အရင်လကုန်ခါနီးက လည်း တစ်ခါ ပစ်သေးတယ်။ တိုက်ပွဲလည်းမရှိဘဲနဲ့ အကြောင်းမဲ့ သပ်သပ်ကို လာလာ ပစ်နေတာ ကံ ကောင်းလိုကျေးရွာတွေထဲတော့ မကျသေးဘူး လူအသေအပျောက်မရှိသေးဘူး”ဟု ဒေသနေ အမျိုးသမီး တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ထီးလင်းမြို့နယ်၊ ဆွဲလွဲကျေးရွာကို ၂၀၂၀ ခုနှစ်နှောင်းပိုင်းက မြင်ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article