25 C
Yangon

စစ်ကောင်စီလက်အောက်ခံ BGF ၏“မြဝတီမြို့သစ်” စီမံကိန်းမှ အိမ်ခြံမြေများ အရောင်း ကြော်ငြာ ပေးခဲ့သော iMyanmarHouse က အရောင်းပို့စ်နှင့် ကြော်ငြာ ရေးသားချက်များကို ပြန်လည် ဖြုတ်ချ

Must read

ရန်ကုန်၊ မေ ၃၀

ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်၏ “မြဝတီမြို့သစ်” စီမံကိန်းအကြောင်း အစီ ရင်ခံစာ ထုတ်ဖော်လိုက်ပြီးနောက် ဩစတေးလျပိုင် အိမ်ခြံမြေလမ်းညွှန်ဝဘ်ဆိုဒ် iMyanmarHouse က “မြဝတီမြို့သစ်” စီမံကိန်းနှင့် ပတ်သက်သော ပို့စ်များ၊ ရေးသားချက်များကို ဖြုတ်ချလိုက် ကြောင်း Justice For Myanmar ကပြောသည်။

မြဝတီမြို့သစ်သည် ကရင် BGF/KNA ကုမ္ပဏီဖြစ်သော ချစ်လင်းမြိုင်နှင့် ပြည်တွင်း Steel Stone Group တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ Steel Stone ကုမ္ပဏီကို ယခင်စစ်အာဏာရှင်လက် ထက်တွင် တည် ထောင် ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်း ဆောက်လုပ်ရေးလုပ်ငန်း များ အပါအဝင် တန်ဖိုးကြီး ကန်ထရိုက်စာချုပ်များကို ရရှိခဲ့ကြောင်း သိရသည်။

မြဝတီမြို့သစ်သည် လူနေတိုက်ခန်းများ၊ ကုန်တိုက်၊ အပန်းဖြေစခန်းနှင့် ဟိုတယ်တို့ပါဝင်သည့် မြေဧရိယာ ၅၄၄ ဧက ကျယ်ဝန်းသော စီမံကိန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ကရင် BGF/KNA ၏ နောက်ထပ် ရာဇဝတ် လုပ်ငန်း ဗဟိုချက်နေရာ ဖြစ်လာနိုင်သည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ Steel Stone Group က ထုတ်ဝေသော ဗီဒီယိုတွင် မြေနေရာရှင်း လင်းပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း ၊ ၂၀၂၀ ခုနှစ်တွင် မြဝတီမြို့သစ်ရှိ မြေကွက်များအား ရောင်း ချမှုများကို iMyanmarHouse က ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အရောင်းပြပွဲများကို ရန်ကုန် နှင့် မြဝတီမြို့တို့တွင် တပြိုင်နက် လုပ်ဆောင်ခဲ့ကြောင်း Justice For Myanmar က ထုတ်ပြန်ထား သည်။

iMyanmarHouse က စီစဉ်သော မြ၀တီမြို့သစ် စီမံကိန်း အိမ်ရာအရောင်းပြပွဲများအနက်မှ မြဝတီမြို့အရောင်းပြပွဲတွင် ကရင်နယ်ခြားစောင့်တပ်မှ စံမြင့် (စောချစ်သူ) နှင့် ၎င်း၏သားဖြစ်သူ စောထူးအယ်မူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

iMyanmarHouse ကို ဩစတြေးလျစတော့အိတ်ချိန်းစာရင်းဝင် Frontier Digital Ventures က ပိုင်ဆိုင်ကြောင်း၊ Frontier Digital Ventures အမှုဆောင်အရာရှိချုပ်ဖြစ်သူ Shaun di Gregorio က “iMyanmarHouse အနေဖြင့် ၂၀၂၃ ခုနှစ်နောက်ပိုင်း အဆိုပါမြို့သစ် ဖော်ဆောင်မှုအတွက် “တက် ကြွသောအရောင်းမြှင့်တင်မှုမရှိတော့ကြောင်း” ဩစတြေးလျသတင်းစာသို့ မှတ်ချက်ပေးရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။

Shaun di Gregorio က ၎င်းတို့အနေဖြင့် Steel Stone နှင့်သာ စီးပွားရေး လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ကရင် BGF/KNA နှင့် တိုက်ရိုက်လုပ်ဆောင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

iMyanmarHouse သည် မြန်မာစစ်တပ် စစ်ထောက်ချုပ်ရုံးနှင့် သဘောတူညီချက်ဖြင့် တည်ဆောက် ခဲ့သည့် Golden City စီမံကိန်းကို ဆက်လက်အရောင်းမြှင့်တင်လျက်ရှိကြောင်း Justice For Myanmar က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article