25 C
Yangon

ကရင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၅ သိန်းနီးပါး ထွက်ပြေးနေရ

Must read

ညောင်လေးခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှု ကလေး ၃ ဦး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊မေ ၃၁

ကရင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၅ သိန်းနီးပါး ထွက်ပြေးနေရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်များက ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ အကြမ်းဖက် နည်းလမ်း အမျိုးမျိုးဖြင့် တိုက်ခိုက်လျက်ရှိနေသောကြောင့် ပြည်သူများအနေဖြင့် ကြောက်ရွံ့ ထိတ်လန့်စွာ အသက်ရှင်နေထိုင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ် အာဏာစသိမ်းသည့် အချိန်မှစပြီး ၂၀၂၄ ခုနှစ် ဧပြီလ အထိ နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသူ ၄၉၄,၅၉၀ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခတ်ခြင်းကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်အချိန် ဆောထိမြို့နယ်၌ အကြမ်းဖက် စစ်ကောင်စီတပ်များက ရွှေကျင်မှ စဲစူး ကျေးရွာအတွင်းသို့ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာဒေါ်ခင်မျိုး၏ နေအိမ်အပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနေ့ ည ၁ဝ နာရီ ၂၇ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၀ တပ်ရင်းက ရေဖြူကန် ကျေးရွာအတွင်းသို့ ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ဝက် ၁ ကောင် သေဆုံးခဲ့ကြောင်း သိရရှိရသည်။

အလားတူ မေလ ၂၈ ရက်နေ့ ည ၁ဝ နာရီ ၂၃ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ဟောင်ဝှစ်ဇာ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ထောင်လောင် ကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ သားအမိနှစ်ဦးဖြစ်သည့် အသက် ၄၇ နှစ်အရွယ် ဒေါ်စန်းစန်းထွေး နှင့် အသက် ၁ဝ နှစ်အရွယ် မခင်နှင်းသက်တို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်းသိရှိသည်။

ထို့အတူ မေလ ၂၇ ရက်နေ့ ည ၉ နာရီအချိန် လယ်ဒိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၅၅ မမနှင့် ၁၂ဝ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ကော်သာစေးကျေးရွာ၊ ကောက်မယ်သူကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာအကြားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ယင်းအပြင် မေလ ၂၈ ရက်နေ့ ည ၆ နာရီ ၁၁ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၅၅ မမနှင့် ၁၂ဝ မမ ဟောင်ဝှစ်ဇာလက်နက်ကြီး ၁၁ လုံး ပစ်ခတ်ခဲ့ရာ ပဒဲကောကျေးရွာ၊ ဆွယ်တီကျေးရွာအနီး၊ ဝမ်ချဲကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ရေတွင်းကုန်း ကျေးရွာအနီးတို့၌ ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။

စစ်ကောင်စီတပ်က မေလ ၂၉ ရက်နေ့ ည ၈ နာရီ အချိန် ဆိပ်ကြီးဂိတ်မှ ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကျောက်ခဲကြီး ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျောင်းလာတက်နေသော တောင်စု ကျေးရွာ အသက် ၁၇ နှစ်အရွယ် စောဆဲပွယ်စေး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရသည်။

အလားတူ မူးမြို့နယ် အတွင်း မေလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့် ငနွားဆိပ်ကျေးရွာ စာသင်ကျောင်းဘေး၌ အကြမ်းဖက် စစ်ကောင်စီတပ်များ ထောင်ထားသော မြေမြုပ်မိုင်း နင်းမိပြီး အသက် ၁၄ နှစ် အရွယ် မမေထူးအောင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article