25 C
Yangon

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield တို့တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး

Must read

ရန်ကုန်၊ မေ ၃၁

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield တို့တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးကြောင်း အမေရိကန်က သတင်းထုတ်ပြန်သည်။

မေလ ၂၉ ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Julie Bishop နှင့်တွေ့ဆုံခဲ့ကြောင်း၊ အမေရိကန်သံအမတ်ကြီး Thomas-Greenfield က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက လွန်စွာ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အထူးသဖြင့် အရပ်သားများအပေါ် ဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်မှုများ ၊ အကြမ်းဖက်မှုများ တိုးပွားလာနေမှုများအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Bishop က မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို ထောက်ခံပူးပေါင်းဆောင်ရွက်မှုအတွက် အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ရှိကြောင်း၊ သက်ဆိုင်သူ အားလုံးနှင့် ညှိနှိုင်းပြီး ညီညွတ်စွာဖြင့် ကုလသမဂ္ဂ၏ မြန်မာ့အရေး ချည်းကပ်မှု ဗျူဟာကို အကောင် အထည်ဖော်မည့် ရည်ရွယ်ချက်ကို အလေးပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

အမေရိကန်သံအမတ်ကြီးနှင့် မြန်မာ့အရေး အထူးသံတမန်တို့က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံး သတ်ရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ စစ်မှုထမ်းဥပဒေဖြင့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူနည်းစုများကို စစ်သားအဖြစ် အဓမ္မစုဆောင်းခြင်းကို အဆုံးသတ်ရန်၊ အာဆီယံ အပါအဝင် အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article