25 C
Yangon

ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမသို့ ဝင်ရောက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၃

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အ ကြမ်း ဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ် ရင်း သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁ ရက် နံနက်အစောပိုင်း ၁ နာရီ မိနစ် ၃၀ အချိန်တွင် ပေါင်းတည်မြို့နယ်၊ တောင်ပေါ်ကြို့ ကုန်းအုပ်စု၊ မကျီးစမ်းရွာမှ သိမ်ကုန်းဘက်သို့ အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း ၊ တပ်ခွဲ ၂ ရဲဘော်များက ပြင်ကြီးရွာနှင့် ကျောက်ကြီးတောင်ကြား အရောက် လက်နက်ကြီး၊ လက်နက် ငယ်များ ဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုနောက် ထပ်မံ ခွဲထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၃၆၀၂ တပ်ရင်း တပ်ခွဲ ၄ မှ မိုင်းကွင်းထဲအရောက် နံနက် ၁ နာရီ ၄၅ ပဒေသာမိုင်း အကြီး ၃ လုံးဖြင့် တစ်ကြိမ်၊ ဓါတ်မီးထိုးပြီးထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ည ၈ နာရီ ၄၅ မိနစ် တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနှင့် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် သား ၃ ဦးသေဆုံးပြီး အ များအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်သားများက လက်နက် ငယ် များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article