25 C
Yangon

ရွှေဆိုင်နှင့်ရွှေကုန်သည်များ ၀ရမ်းထုတ်ခံရပြီး ဖမ်းဆီးခံရမှုများကြောင့် ယနေ့ နံနက်ပိုင်း စျေးကွက် ပျက်နေပြီး ရွှေတုံးအဝယ်အရောင်း လုပ်မရဖြစ်နေကာ စျေးတန်းကျဆင်းနေ

Must read

ရန်ကုန်၊ ဇွန် ၃

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် စစ်ကောင်စီက ရွှေဆိုင်နှင့်ရွှေကုန်သည်များ ၀ရမ်းထုတ်လိုက်ပြီးပြီး ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေမှုကြောင့် ယနေ့ နံနက်ပိုင်း စျေးကွက် ပျက်နေပြီး ရွှေတုံးအဝယ်အရောင်း လုပ်မရဖြစ်နေကာ စျေးတန်းကျဆင်းနေကြောင်း ရန်ကုန်ရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အဝယ်လည်းမရဘူး။ အရောင်းလည်းမရဖြစ်နေတယ်။ ၀ရမ်းထုတ်ခံရတဲ့ ဆိုင်တွေထဲမှာ တချို့လည်း မဖွင့်ကြဘူး။ စစ်တပ်ဆီကို အသနားခံစာတင်ပြီး ညှိနေတယ်လို့ထည်း သတင်းကြားတယ်။ ရွှေအသင်းနဲ့ UMFCCI ဘက်က ဝင်ညှိသလိုလိုလည်း သတင်းတွေ ထွက်တယ်။ စျေးတန်းကတော့ ကျတယ်။ ဒါပေမယ့် အဲဒီစျေးတန်းအတိုင်းတော့ အရောင်းမရှိ၊ အဝယ်မရှိဘူး” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

ယနေ့ နံနက် ၁၀ နာရီခွဲအချိန် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၃ သိန်း၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၀၀ ဝန်းကျင်တွင် စျေးပေါက်သော်လည်း စျေးတန်းသာရှိပြီး အဝယ်အရောင်းမရှိကြောင်း၊ ဟွန်ဒီငွေလဲများမှာမူ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း သိရှိရသည်။

“ထိုင်းနဲ့ တရုတ်ဘက်က ဟွန်ဒီငွေလဲစျေးကွက်ကတော့ Bank to Bank လုပ်ကြတာဆိုတော့ အဲဒါတွေကတော့ ပုံမှန်ပဲ လည်ပတ်နေတယ်။ ကျစျေးနဲ့​ စျေးဖွင့်ပြီး လုပ်နေကြတာ။ ပြည်တွင်းစျေးကွက်ထဲတော့ ဘာမှ လုပ်မရဘူး။ စျေးကွက်တွေ ရပ်သွားတယ်” ဟု ရန်ကုန်မှ နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့တွင် ရွှေဆိုင်ပိုင်ရှင်နှင့်ရွှေကုန်သည် ၁၀ ဦးကို ဖမ်း၀ရမ်းထုတ်လိုက်ပြီး ရွှေကုန်သည် ၂၁ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ အရေးယူမှုတွင် မပါဝင်သည့် စစ်ကောင်စီဝန်ကြီး သက်သက်ခိုင်ပိုင် လမ်းမတော်မြို့နယ်ရှိ ရွှေနန်းတော်ရွှေဆိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီ၏ အရေးယူမှုတွင် မပါဝင်သည့် စစ်ကောင်စီဝန်ကြီး သက်သက်ခိုင်ပိုင် လမ်းမတော်မြို့နယ်ရှိ ရွှေနန်းတော်ရွှေဆိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article