25 C
Yangon

အီတလီနိုင်ငံ Auronzo di Cadore မြို့တွင်မြန်မာနိုင်ငံ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအရေးကြိုးပမ်းမှု အစီအစဥ်များ ၂ ရက်ဆက်တိုက်ပြုလုပ်

Must read

ရန်ကုန်၊ ဇွန် ၃

အီတလီနိုင်င Dolomites တောင်တန်းများရှိရာ Auronzo di Cadore မြို့တွင် ဒေသမြန်မာမိသားစုများက ဦးစီးကာ မြန်မာနိုင်ငံ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအရေးကြိုးပမ်းမှု အစီအစဥ်များ ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ဆက်တိုက် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အထက်တန်းကျောင်း ကျောင်းသူကျောင်းများနှင့် တွေ့ဆုံရာတွင်လည်း မြန်မာနိုင်ငံ သမိုင်း၊ စစ်အာဏာရှင်အဆက်ဆက်၏ ဆိုးဝါးရက်စက်မှုများနှင့် ပြည်သူများကို အကြောက်တရားသွင်း အုပ်ချုပ်ခြင်း၊ ၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းခြင်းနှင့် နွေဦးတော်လှန်ရေးလူငယ်များ၏ အခန်းကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြကာ မြို့တော်ခန်းမတွင်ဆွေးနွေးခဲ့ကြသော “မြန်မာပြည်အတွက်အတူတကွ၊ လွတ်လပ်ရေးလမ်းခရီး” အစီအစဥ်၌လည်း ဒေသပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းက အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှုများ၊ မြန်မာပြည်အခြေအနေများကို ဗွီဒီယိုမိန့်ခွန်းပေးပို့ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မြို့လယ်ရှိ ဘုရားကျောင်းတွင်လည်း အာဏာသိမ်းခြင်းကြောင့် အမှောင်ထုကျရောက်ရသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများ၏ အခက်အခဲများကင်းလွတ် ငြိမ်းချမ်းစေရန် ၊ လွတ်လပ်မှုနှင့် ချစ်ခြင်းမေတ္တာတရားများအတွက် ဆုတောင်း မေတ္တာပေးပို့ခဲ့ကြကြောင်း၊ ရရှိခဲ့သောအလှူငွေအားလုံးကိုလည်း မြန်မာပြည်သူပြည်သားများကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article