25 C
Yangon

ညောင်လေးပင်တွင် လယ်မြေသိမ်းမှုများ လုပ်ဆောင်နေသော ရဲအုပ် ကေသီခိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၄

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့တွင် လယ်မြေသိမ်းမှုများ လုပ်ဆောင်နေသော ရဲအုပ် ကေသီခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း 9 Stars UG Bagoမှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၃ ရက်နေ့ ၊ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် ပဲခူးတိုင်း ညောင်လေး ပင်ခရိုင် ညောင်လေးပင်မြို့မှ ရဲအုပ် ကေသီခိုင်ကို ပြွန်တန်ဆာမြို့အနောက်ဘက် သမကျေးရွာ ရွာချင်းဆက်လမ်း အေးရွာအနီးမြေနီလမ်းပေါ်တွင် ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“9 mm ကျည် ၃ တောင့်နဲ့ ပစ်ခတ်ရာမှာ နောက်ကျော နှစ်ချက် ၊ ခေါင်းတစ်ချက် ထိမှန် သေဆုံးပါတယ်” ဟု 9 Stars UG Bagoမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သေဆုံးသွားသော ရဲအုပ်ကေသီခိုင်သည် ညောင်လေးပင်ရဲစခန်းတွင် တာဝန်ကျနေပြီး ၎င်း၏ ခင်ပွန်းဖြစ်သူသည် ဒိုက်ဦးမြို့နယ်ရဲစခန်းတွင် တာဝန်ကျနေသော ရဲတစ်ဦးဖြစ်ကြောင်း၊ ရဲအုပ်ကေသီခိုင်သည် အထက်အရာရှိများနှင့်ပူးပေါင်းပြီး ပြွန်တန်ဆာမြို့ ဂျို့ပင် ကျေးရွားနှင့် သမကျေးရွာမှ ပြည်သူများကို စီးပွားရှာအမြတ်ထုတ်နေသူဖြစ်ကြောင်း၊ ရဲအုပ်ကေသီခိုင်၏ ဖခင်ဖြစ်သူ ဌေးလွင်မှာ လယ်ယာမြေများသိမ်းဆည်းမှုများဖြင့် ပြည်သူများကို အနိုင်ကျင့် လုပ်ဆောင်နေကြောင်း၊ ပြည်သူများ၏ တိုင်တန်းချက်အရ ရဲအုပ် ကေသီခိုင်ကို ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

” ရဲအုပ်ကေသီခိုင်တို့ သားအဖက လယ်ယာမြေ ဧ​က ၅၀၀ ကျော်ကိုအထက် လူကြီးနဲ့ပေါင်း မတရားသိမ်းဆည်းပြီးပြန်လည်ရောင်းစားနေတာလို့ သိရတယ်။ သူ့ဖခင် ဌေးလွင်ကို သေနတ် ပေးထားပြီး ဘေးပတ်ဝန်းကျင် ရွာတွေကို အနိုင်ကျင့်စေခိုင်းနေသူပါ။ စစ်ကောင်စီခန့် အုပ်ကြီး လည်း မဟုတ်၊ ရာအိမ်မှူးလည်း မဟုတ်ဘဲ ဋ္ဌေးလွင်ကလည်း အဲဒီ ပတ်ဝန်းကျင်မှာသမီးအရှိန်အဝါနဲ့ ထင်တိုင်းကြဲတန်ခိုးထွားနေသူပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ပြည်သူက မခံနိုင်လို့တိုင်ပါများရင်တော့ မိန်းမယောကျာ်းခွဲခြားနေမှာမဟုတ်ပါဘူး။ အပြစ်ရှိတဲ့ သူကိုတော့ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသားပဲ အပြစ်ပေးမှာပါ။ အခုလည်း မဆိုင်တဲ့ပြည်သူတွေကို ပြဿနာရှာ နေတယ်လို့ကြားရတယ်” ဟု 9 Stars UG Bagoမှ တာဝန်ရှိသူက ရှင်းပြသည်။

9 Stars UG Bago က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် သတင်းပေးများကို ဆက်လက် တိုက်ခိုက်ရှင်းလင်းမည်ဖြစ် ကြောင်း ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article