25 C
Yangon

မင်းကင်း၊ မတောကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု သေဆုံးသူပြည်သူ အရေအတွက် ၃၀ ဦးအထိတိုးလာ

Must read

ရန်ကုန်၊ ဇွန် ၄

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သားသေဆုံးမှု တိုးလာပြီး သေဆုံးသူအရေအတွက် ၃၀ ဦး အထိရှိလာပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ ဇွန်လ ၃ ရက်နေ့ နံနက်ခင်း ၈နာရီခွဲအချိန် မတောကျေးရွာတွင် မနှင်းဆီ၏ မင်္ဂလာဆောင် ကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးသည် မင်္ဂလာဆောင်အိမ်နှင့် ထမင်းကျွေးသည့် အဆောင်အကြား ကျရောက်သွားပြီး ဗုံးပေါက်ကွဲမှုကြောင့် နေရာတွင်ပင် ၂၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနောက် ဒဏ်ရာရသူများလည်း ထပ်မံ သေဆုံးရာမှ သေဆုံးသူ ၃၀ ဦးအထိ တိုးလာကြောင်း သိရှိရသည်။

“ပစ်ခတ်တာက ပအဖအဖွဲ့ဝင် မနှင်းဆီ ရဲ့ မင်္ဂလာဆောင်ကို လာပစ်တာ။ ပစ်တဲ့နေရာက မင်္ဂလာဆောင်အိမ်နဲ့ ထမင်း ကျွေးရုံ ကြားကို ပစ်သွားတာ။ ပြောရရင် ပွဲလူများတဲ့ နေရာကိုပစ်တာသွားတာ။ သေဆုံးမှုကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးတာက ၂၂ လောင်းပေါ့ဗျာ။ ဒါက ရုပ်‌‌အ လောင်းပီသတဲ့ အလောင်းပေါ့။ တစ်ပိုင်းတစ်စစီဖြစ်တဲ့အ လောင်း တွေလည်း ရှိတယ်။စာရင်းအတိကျတော့ စာရင်းမပြုစုရ သေးဘူး။ ဒဏ်ရာရတဲ့ သူတွေထဲလည်း သေဆုံးတာ တွေရှိတယ်ဗျ။အခုသေဆုံးသူ ၃၀ အထိရှိနေပြီ။ဒဏ်ရာရသူ ၂၆ ဦးရှိတယ်။ပြင်းထန်ဒဏ်ရရထားသူတွေလည်း ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည် ။

မင်းကင်းမြို့နယ်အတွင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုး ထပ်မံ လာရောက်မည်ဆိုသောသတင်းနှင့် လေယာဉ်ဖြင့် ဗုံးထပ်မံ ကျဲမည်ဆိုသော သတင်းများကြောင့် မတောကျေးရွာမှ ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article