25 C
Yangon

မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်မှု ထိခိုက်မှုများရှိနိုင်

Must read

ရန်ကုန်၊ ဇွန် ၄

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီလက်အောက်ခံ တပ်သား၊ အုပ်ချုပ်ရေးမှူးများ ထိခိုက်မှုရှိကြောင်း Noka – UG တပ်ဖွဲ့ ထံမှ သိရသည်။

ယနေ့ ဇွန်လ ၄ ရက် ည ၇ နာရီ ၄၀ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးကို ပြင်းအားဖြင့် အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီ လက်အောက်ခံတပ်သား၊ အုပ်ချုပ်ရေးမှူးများ ထိခိုက်မှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ် ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Noka – UG မြို့ပြ ပြောက်ကျားရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပေါက်ကွဲသံကြားရတယ်။ ည ၇ နာရီ ၄၀ ပတ်ဝန်းကျင်လောက်မှာ ကြားရတာ။ ဘယ်မှာပေါက်တာလဲတော့မသိဘူး။ ပေါက်ကွဲသံက အရမ်းကျယ်တယ်” ဟု မင်္ဂလာဒုံမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

Noka – UG ရဲဘော်များ အနေဖြင့် မြို့ပြပြောက်ကျား စစ်ဆင်ရေးကို အရှိန်မြှင့်တင်ကာ အကြမ်းဖက် စစ်တပ် ထောက်တိုင်မှန်သမျှ ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်း ဖက်စစ်ကောင်စီနှင့် ပတ် သက်သည့် နေရာများနှင့် အနည်းဆုံး မီတာ ၅၀ အကွာအဝေးမှ ရှောင်ရှား သွား လာကြပါရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့များတွင် ညပိုင်း ကင်းလှည့်နေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့များတွင် ညပိုင်း ကင်းလှည့်နေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article