25 C
Yangon

မင်းကင်း၊ မတောကျေးရွာ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု သေဆုံးသူ ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၂၈ ဦး၏ အမည်များ ရရှိ

Must read

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ မင်းကင်းမြိုနယ်၊ မတောကျေးရွာတွင် ပြုလုပ်ခဲ့သော မင်္ဂလာ ဆောင်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၇ ဦး အပါအဝင် အရပ်သားပြည်သူ ၂၈ ဦးသေဆုံးခဲ့ပြီး သေဆုံးသူ ပြည်သူများ၏ အမည်များကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသည်။

ဇွန်လ ၃ ရက်နေ့ နံနက်ခင်း ၈နာရီခွဲအချိန် မတောကျေးရွာတွင် မနှင်းဆီ၏ မင်္ဂလာဆောင် ကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးသည် မင်္ဂလာဆောင်အိမ်နှင့် ထမင်းကျွေးသည့် အဆောင်အကြား ကျရောက်သွားပြီး ဗုံးပေါက်ကွဲမှုကြောင့် နေရာတွင်ပင် ၂၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနောက် ဒဏ်ရာရသူများလည်း ထပ်မံ သေဆုံးရာမှ သေဆုံးသူ ၃၀ ဦးအထိ တိုးလာကြောင်း သိရှိရသည်။

“ပစ်ခတ်တာက ပအဖအဖွဲဝင် မနှင်းဆီ ရဲ့ မင်္ဂလာဆောင်ကို လာပစ်တာ။ ပစ်တဲ့နေရာက မင်္ဂလာဆောင်အိမ်နဲ့ ထမင်း ကျွေးရုံ ကြားကို ပစ်သွားတာ။ ပြောရရင် ပွဲလူများတဲ့ နေရာကိုပစ်တာသွားတာ။ သေဆုံးမှုကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးတာက ၂၂ လောင်းပေါ့ဗျာ။ ဒါက ရုပ်‌‌အ လောင်းပီသတဲ့ အလောင်းပေါ့။ တစ်ပိုင်းတစ်စစီဖြစ်တဲ့အ လောင်း တွေလည်း ရှိတယ်။စာရင်းအတိကျတော့ စာရင်းမပြုစုရ သေးဘူး။ ဒဏ်ရာရတဲ့ သူတွေထဲလည်း သေဆုံးတာ တွေရှိတယ်ဗျ။အခုသေဆုံးသူ ၃၀ အထိရှိနေပြီ။ဒဏ်ရာရသူ ၂၆ ဦးရှိတယ်။ပြင်းထန်ဒဏ်ရရထားသူတွေလည်း ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည် ။

စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ပြည်သူများ၏ အမည်များမှာ

၁။ ဖိုးလပြည့် အသက် ၁၂ နှစ် (ယုံသာကျေးရွာ)
၂။ ဦးမောင်ကြီး အသက် ၅၅ နှစ် (ယုံသာကျေးရွာ)
၃။ မစုစံ အသက် ၂၃ နှစ် (ယုံသာကျေးရွာ)
၄။ဒေါ်ညွန့်ကြည် အသက် ၆၂ နှစ် (ပုထိုးလုံးရွာ)
၅။ဒေါ်မြတင် အသက် ၇၁ နှစ် (ကျွန်းတော်ကျေးရွာ)
၆။ကိုတူးနိုင် အသက် ၂၉ နှစ် (ပျဉ်းပင်မှော်ကျေးရွာ)
၇။ မထားထား အသက် ၃၂ နှစ် (ကလေး၀ကျေးရွာ)
၈။ ဦးမင်းမင်း အသက် ၅၇ နှစ် (မတောကျေးရွာ)
၉။ဦးဆွေဇင်ဦး အသက် ၅၀ နှစ် (မတောကျေးရွာ)
၁၀။ဒေါ်ခင်မျိုးကြည် အသက် ၄၇ နှစ် (မတောကျေးရွာ)
၁၁။ ကိုကျော်ကျော်ဦး အသက် ၂၈ နှစ် (မတောကျေးရွာ)
၁၂။ ဒေါ် ရွှေကြည် အသက် ၆၅ နှစ် (မတောကျေးရွာ)
၁၃။ ကျော်မင်းထွဋ် အသက် ၃၅ နှစ် (မတောကျေးရွာ)
၁၄။ ဦးယမင်းသူ အသက် ၃၈ နှစ် (မတောကျေးရွာ)
၁၅။ ဒေါ်ခင်ထွေးကြည် အသက် ၃၅ နှစ် (မတောကျေးရွာ)
၁၆။ ဦးယမင်းသူ၏သမီး အသက် ၂ နှစ် (မတောကျေးရွာ)
၁၇။ ဦးဇင်ကိုဦး အသက် ၃၄ နှစ် (မတောကျေးရွာ)
၁၈။ ဦးမင်းသူ အသက် ၃၉ နှစ် (မတောကျေးရွာ)
၁၉။ ကိုကျော်သူရ အသက် ၂၀ နှစ် (မတောကျေးရွာ)
၂၀။ မဇင်မာသူ အသက် ၁၀ နှစ် (မတောကျေးရွာ)
၂၁။ မဇင်မာလင်း အသက် ၁၈ နှစ် (မတောကျေးရွာ)
၂၂။ ဦးအဲသိန်း အသက် ၄၅ နှစ် (မတောကျေးရွာ)
၂၃။ မောင်ဖြိုးဇာနည်သိန်း အသက် ၁၈ နှစ် (မတောကျေးရွာ)
၂၄။ မောင်စိုင်းထက်အောင် အသက် ၈ နှစ် (မတောကျေးရွာ)
၂၅။ ဒေါ်မိပန့် အသက် ၅၅ နှစ် (မတောကျေးရွာ)
၂၆။ ကိုလင်းဇော် အသက် ၃၈ နှစ် (မတောကျေးရွာ)
၂၇။ ဒေါ်စန်းနွဲ အသက် ၅၇ နှစ် (မတောကျေးရွာ)
၂၈။ မချမ်းမေ အသက် ၄ နှစ် (မတောကျေးရွာ) တိုဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article