25 C
Yangon

စစ်ကောင်စီက ပြည်သူလူထုကို အစုလိုက် အပြုံလိုက်သတ်ဖြတ်နေမှု ပိတ်ဆို့ဒဏ်ခတ်အရေးယူရုံ၊ စွပ်စွဲပြစ်တင်ရှုံ့ချရုံမျှဖြင့် မလုံလောက်ဟု နိုင်ငံတကာကို NUG သမ္မတ သတိပေး

Must read

ရန်ကုန်၊ ဇွန် ၅

အကြမ်းဖက် စစ်ကောင်စီက အရပ်သားနှင့်စစ်ရေးပစ်မှတ် ရောထွေးပြီး ပြည်သူ လူထုကို အစုလိုက် အပြုံလိုက်သတ်ဖြတ်နေမှုများအပေါ် နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်အရေးယူရုံ၊ စွပ်စွဲပြစ်တင်ရှုံ့ချရုံမျှဖြင့် မလုံလောက်တော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာကို သတိပေးပြောဆိုလိုက်သည်။

ယမန်နေ့ ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။

” အခုအခြေအနေမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ရောထွေးပြီး အရပ်သားပြည်သူလူထုတွေကို အလုံးအရင်းသတ်ဖြတ်နေတဲ့ ကိစ္စဟာ အင်မတန်မှ ရက်စက်ကြမ်းကြုတ် ယုတ်ညံ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အခုအခြေအနေဟာ စစ်ကောင်စီကို အသက်ရှုပေါက် ကျပ်စေရုံလောက်ပဲ တတ်နိုင်တဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်တာလောက်နဲ့ တင်းတိမ်နေရမယ့် ကိစ္စမဟုတ်သလို၊ စွတ်စွဲပြစ်တင် ရှုံ့ချရုံလောက်နဲ့လည်း လုံလောက်တဲ့ကိစ္စ မဟုတ်တော့ပါဘူး”ဟု NUG သမ္မတက ပြောဆိုသည်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူလူထု၏ ဒုက္ခကိုသေချာစွာ နားလည်ပြီး ထိထိရောက် ကူညီပေးရန် မျှော်လင့်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးကို ထိရောက်စွာ ဖြေရှင်းပေးရန် NUG သမ္မတက တောင်းဆိုသည်။

” ကုလသမဂ္ဂအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ အနေနဲ့လည်း ပြည်သူလူထုရဲ့ ဘေးဒုက္ခကို ခြေခြေမြစ်မြစ် နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက် ဖြစ်အောင် ကူညီလုပ်ဆောင်နေမယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေးကိစ္စရပ်တွေဟာ လက်ရှိ တည်ဆဲအခြေအနေထက် ပိုပြီး လက်တွေ့ကျကျ ဖြစ်စေဖို့လည်း ကျွန်တော်တို့က အလေးအနက်ထားတိုက်တွန်းဖို့ လိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့တွင် အလွန်ယုတ်ညံ့စွာဖြင့် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြောင်း၊ မေလ ၂၉ ရက်နေ့ အကြမ်းဖက်စစ်တပ်က ရခိုင်ပြည် နယ်၊ ဗျိုင်းဖြူရွာမှ ပြည်သူ ၅၀ ကျော်ကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့မှုကို စိတ်မကောင်စွာ တွေ့မြင်ရကြောင်း ၊ နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်ကို ဟန့်တားရန် အလျင်အမြန် လိုအပ်နေကြောင်း ၊ စစ်ကောင်စီအနေဖြင့် စစ်ရေးကျင့်ဝတ်နှင့် လူသားဆန်မှု မရှိတော့ကြောင်း သမ္မတက သတိပေးသည်။

” ပြည်သူလူထုကို ကာကွယ်တဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူ့ဘက်တော်သား အင်အားစုအားလုံးဟာ “မိမိကိုယ်ကို အားကိုးရေးမူ” ကို ကိုင်စွဲရမှာ ဖြစ်သလို၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ လူသားချင်းစာနာထောက် ထားမှု စိတ်အခံကို နှိုးကြွစေအောင် သိုင်းဝိုင်းထားမှသာ ပြည်သူလူထုဟာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းဘေးက သက်သာရာရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု သမ္မတက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article