25 C
Yangon

မင်းကင်းမြို့နယ်၊ ပျင်းကိုင်းကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မုံရွာ – ကလေးဝ ကားလမ်းဘေးရှိ ပျင်းကိုင်းကျေးရွာ ကို စစ်ကောင်စီက တိုက်လေယဥ်ဖြင့် ဗုံး ၁ လုံးကျဲချခဲ့သဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယမန်နေ့ ဇွန်လ ၄ ရက် နံနက် ၁၁ နာရီခန့်အချိန် ပျင်းကိုင်းကျေးရွာအနီးသို့ တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကျေးရွာအတွင်း ကျရောက်ခြင်းမရှိဘဲ မြေပဲခင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ခရီးသွားပြည်သူ ၁ ဦးနှင့် ကျေးရွာမှ ပြည်သူ ၂ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

” ဗုံးက ကားလမ်းနှင့်မနီးမဝေး မြေပဲခင်းထဲကျတယ်။ ခရီးသွားပြည်သူ တစ်ယောက် လည်ပင်းထိတယ် ၊ ဓါတ်ဆီဆိုင်နားက ပြည်သူတစ်ယောက်ထိတယ် မစိုးရိမ်ရပါဘူး”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မင်းကင်းမြိုနယ် မတောကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဇွန် ၃ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့သဖြင့် ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၂၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article