25 C
Yangon

ပုလဲမြို့ပေါ်ရှိ ထွေ/အုပ်ရုံးနှင့် ရဲစခန်း အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များက ၃ ရက်ဆက် ဝင်ရောက် တိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ ထွေ/အုပ်ရုံးနှင့် ရဲစခန်း အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များက ၃ ရက်ဆက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ – ကျားသစ်နက် တပ်မတော်ထံမှ သိရသည်

ဇွန်လ ၁ ရက်နေ့တွင် ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ရဲစခန်းတို့ကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၁၊ ကျားသစ်နက်တပ်မတော် ၊ Chindwin Toe Na Yar PDF ၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၆ – ဒေါင်းမင်း နှင့် ROUND TIGER People Defence Force မဟာမိတ်ပူပေါင်းအဖွဲ့တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂ ရက်နေ့ ညနေ ၃ နာရီမှ ည ၈ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ပြည်သူ ကို ဖမ်းဆီး သတ်ဖြတ်၊ ပြည်သူအိုးအိမ်စည်းစိမ်များကို ဖျက်ဆီးနေသော အင်မထီးပျူစောထီးကျေး ရွာကို လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၃ ရက် ညနေ ၃ နာရီမှ ည ၇ နာရီအထိ ပုလဲမြို့နယ်၊ကန့်ဒေါင့်စခန်းရှိ အကြမ်းဖက် စစ်သားများကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှုကို အ တည် ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ် ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း- ၁၁ – ကျားသစ်နက်တပ်မတော် ၊ Chindwin Toe Na Yar PDF ၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၆ – ဒေါင်းမင်း ၊ Ground Tiger People Defence Force နှင့် Brave Eagle Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article