25 C
Yangon

ဆီဆိုင်မြို့နယ်တွင် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ကယန်းလေးရွာမှ ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်

Must read

မိုးမိတ်နှင့် နောင်ချို မြို့နယ်ရှိ TNLA တပ်စခန်းရှိရာနေရာနှင့် ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်

ရန်ကုန်၊ ဇွန် ၅

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ကယန်းလေးရွာမှ ပြည်သူ ၁ ဦးကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

ဇွန်လ ၂ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ၎င်းလက်အောက်ခံ PNO အဖွဲ့က ကယန်းလေးကျေးရွာမှ အသက် ၅၀ နှစ် အရွယ် ဦးဂျော့လောင် (ခ) ဖြားစွူးကို ဖမ်းဆီးသွားပြီး ပန်တိုင်းကျေးရွာအနီးတွင် နှိပ်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာနေ ပြည်သူ တချို့က အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားသော ဦးဂျော့လောင်ကို ပြန်လွှတ်ပေးရန် သွားရောက်ပြောဆိုစဉ် ပန်တိုင်းကျေးရွာအနီးအရောက်တွင် ရိုက်နှက် သတ်ဖြတ်ခံထားရသည့် ဦးဂျော့လောင်၏ အလောင်းကိုသာ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ဦးဂျော့လောင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မည်သည့်အကြောင်းရင်းဖြင့် ဖမ်းဆီး သတ်ဖြတ်ခဲ့သည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်ခဲ့သော ဦးဂျော့လောင်(ခ)ဖြားစွူးသည် သာမန် အရပ်သား ပြည်သူ ၁ ဦးသာဖြစ်ပြီး မည်သည့် အဖွဲ့အစည်းမှ ပတ်သက်ခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ PNO အဖွဲ့သည် မေလ မှ ယခု ဇွန်လ ၃ ရက်နေ့အထိ ပြည်သူလူထုကို ဖမ်းဆီး သတ်ဖြတ်ခြင်း ၊ ပြန်ပေးဆွဲငွေညှစ်ခြင်းများ၊ ရိုက်နှက်နှိပ်စက်ခြင်းများ ၉ ကြိမ်ပြုလုပ်ခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ်ရှိ မိုးမိတ်မြို့နယ် နှင့် နောင်ချို မြို့နယ်ရှိ TNLA တပ်စခန်းရှိရာ နေရာနှင့် ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြား ရေးဌာနထံမှသိရသည်။

ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် ကန်ကော်ရွာဘက်၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်က ဆီးဖြူပင်ကျေးရွာဘက်သို့ လက်နက်ကြီး ၄ ကြိမ် ပစ်ခတ်၍ ရွာ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ဝန်းကျင်အချိန်၌ မိုးမိတ် မြို့နယ်၊ မန်ဖွယ်ရွာဘက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၄ ကြိမ် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ အရပ်သား ပြည်သူများရှိရာ နေရာများကို တိုက်ခိုက်ခဲ့ပြီး ကျေးရွာများ အနီးတွင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ထိခိုက် ပျက်စီးမှုများ မရှိသော်လည်း ပြည်သူများ စိုးရိမ်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရကြောင်းသိ ရှိရသည်။

ဇွန်လ၂ရက်နေ့ နံနက် ၁၁ နာရီခန့်တွင်လည်း နောင်ချိုမြိုနယ် ကန်ကော်ရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းရှိရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့ အထိ မိုးမိတ်ဗျူဟာကုန်း ခလရ – ၂၂၃ နှင့် ၂၄၈ တပ်စခန်းများမှ ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်မှုများ ပြုလုပ်နေပြီး လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မူဆယ် နှင့် မိုးမိတ်မြို့တို့တွင် အကြမ်းဖက် စစ်တပ်က စစ်လက်နက်ပစ္စည်းနှင့် စစ်အင်အားဖြည့်တင်းနေကာ စစ်ရေးပြင်ဆင်နေကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article