25 C
Yangon

မကွေးတိုင်း၊ ရေနံချောင်းတွင် PDF များကို စစ်ဆင်ရေးဖြင့် တိုက်ခိုက်ရန် စစ်ကောင်စီက ပြင်ဆင်နေပြီး စစ်ကြောင်းများ ပြင်ဆင်ထားဟု လျှို့ဝှက် အစီ ရင်ခံစာတွင် ဖော်ပြ

Must read

ရန်ကုန်၊ ဇွန် ၆

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် PDF တပ်များက လာရောက်တိုက်ခိုက်မည်ဆိုသော ကြိုတင်သတင်း ပေါက်ကြားခဲ့သဖြင့် စစ်ကောင်စီက လုံခြုံတိုးမြှင့်ချထားကာ PDF များကို တိုက်ခိုက်ရန် စစ်ဆင်ရေး လုပ်ဆောင်မည်ဖြစ် ကြောင်း စစ်ကောင်စီ၏ လျှို့ဝှက် အစီရင်ခံစာအရ သိရှိရသည်။

မေလ ၂၁ ရက်နေ့ နံနက် ၄ နာရီအချိန် မကွေးတိုင်း၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့ယ် ၊ ကုက္ကိုလ်ကွကျေးရွာအုပ်စု၊ ကျေးရွာများအတွင်း၌ လှုပ်ရှားလျက်ရှိသည့် ရေးနံချောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကျော်ဝင်းနိုင် (ခ) မုတ်ဆိတ်(ခ) ဗိုလ်စံရှား ဦးဆောင်သည့် အင် အား ၅၀ ဦးခန့် အဖွဲ့သည် လက်နက်ငယ်(စိစစ်ဆဲ)ကိုယ်စီဖြင့် ရေနံချောင်းမြို့မရဲစခန်းမြောက်ဘက် ၉ မိုင် ၄ ဖာလုံခန့်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်း၏ မြောက်ဘက် ၇ မိုင် ၄ ဖာလုံခန့်အကွာ ဘူးကုန်းကျေးရွာ (ပြည်ထဲရေးအမည်မပေါက်)၏ အရှေ့ တောင်ဘက် ၁ မိုင် ခန့်အကွာ လျှိုအတွင်း ရောက်ရှိစုဖွဲ့ဖြန့်ခွဲနေထိုင်ခဲ့သည်ကို သတင်းပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စုဖွဲ့ရောက်ရှိနေခြင်းမှာ ရေနံချောင်းမြို့မရဲစခန်း၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ၊ လက်မှတ် ကုန်းနယ်မြေ ရဲစခန်း၏ မြောက်ဘက် ၃ မိုင်ခန့်အကွာ ၃၆ စစ်ဆေးရေးဂိတ် နှင့် ရေနံချောင်းမြို့မ ရဲစခန်း၏အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ၊ လက်မှတ်ကုန်းနယ် မြေရဲစခန်း၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ ယာကြီးပြင်စစ်ဆေးရေးဂိတ် တို့ကို ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည်ဟု မေလ ၂၂ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၏ အမာခံသတင်းပေးမှ ပို့ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ချောက်ခရိုင်ရဲတပ်ဖွဲ့မှူးမှ မကွေးတပ်နယ်သို့ တင်ပြပြီး ရေနံချောင်း မြို့နယ်လုံခြုံရေးအတွက် တပ်မတော်နှင့် ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်တပ်က လက်မှတ်ကုန်းနယ်မြေရဲစခန်း၏ တောင်ဘက် ၅ မိုင်ခန့်အကွာ၊ ညောင်လှရပ်ကွက်၊ ဆိပ်သာကွန်း ထောက်ရပ် တွင် RID အမှတ်(၇၇)ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စံရွှေ ဦးစီးကာ အရာရှိ ၂ ဦး အခြားအဆင့် ၂၀ ဦးဖြင့်လည်းကောင်း၊ လက်မှတ် ကုန်းနယ်မြေရဲစခန်း၏ တောင်ဘက် ၈ မိုင်ခန့်အကွာ ဝက်မစွတ်ကျေးရွာအုပ်စု၊ ကျည်ကြီးကျေးရွာ၊ RIO IMACMA ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွင် အမှတ် ၇၇ ခြေလျင်တပ်ရင်းမှ တပ်ကြပ်ကြီး မင်းဇော်ပါ ၃ ဦး တို့က လုံခြုံ‌ရေးယူခဲ့ ကြောင်း သိရသည်။

ထို့အပြင် လက်မှတ်ကုန်းနယ်မြေရဲစခန်း၏ အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာ ကံမ္မ ကျေးရွာအုပ်စု၊ သပွတ်စုကျေးရွာတွင် အမှတ် ၇၇ ခြေလျင်တပ်ရင်းမှ ဒုအရာခံဗိုလ် စိုးပိုင် ပါ ၄ ဦး၊ လက်မှတ်ကုန်းနယ်မြေရဲစခန်း၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ ယာကြီးပြင်စစ် ဆေးရေးဂိတ်တွင် အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ဗိုလ် ကောင်းခန့်ထည် ပါ အခြား အဆင့် ၆ ဦးတို့ တာဝန်ယူခဲ့ကြောင်း သိရသည်။

အလားတူ လက်မှတ်ကုန်းနယ်မြေရဲစခန်း၏ မြောက်ဘက် ၃ မိုင်ခန့်အကွာ သုံးဆယ့်ခြောက် စစ် ဆေး ရေးဂိတ်တွင် အမှတ် ၇၇ ခြေလျင် တပ်ရင်းမှ တပ်ကြပ်ကြီး သန်းမောင် ပါ ၄ ဦး၊ လက်မှတ်ကုန်းနယ်မြေရဲစခန်း၏ တောင်ဘက် ၇ မိုင်ခန့်အကွာ ယင်းမာချောင်း ပန့်စတေရှင်တွင် အမှတ် ၂ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ဗိုလ်ကြီး ရဲရင့်နိုင်ပါ ၇ ဦးတို့က နေရာယူခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့်လည်း လက်မှတ်ကုန်းနယ်မြေရဲစခန်း၏ တောင် ဘက် ၂ မိုင် ခန့် အကွာ ရေနံချောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး ဝင်းနိုင် ဦးစီး၍ အရာရှိ ၄ ဦး၊ အခြားအဆင့် ၄ ဦး စုစုပေါင်း ၈ ဦးဖြင့်လည်းကောင်း၊ လက် မှတ်ကုန်းနယ်မြေရဲစခန်း၏ တောင်ဘက် ၂ မိုင်ခန့်အကွာ ရေနံချောင်း မြို့မရဲစခန်း တွင် ဒုတိယရဲမှူး အောင်လွင်ဦး ဦးစီး၍ အရာရှိ ၉ ဦး အခြားအဆင့် ၁၇ ဦး စုစုပေါင်း ၂၆ ဦးဖြင့်လည်းကောင်း လုံခြုံရေးယူခဲ့ကြောင်း သိရသည်။

အလားတူ လက်မှတ်ကုန်းနယ်မြေရဲစခန်း တွင် ရဲအုပ် ချမ်းမြင့် အောင် ဦးစီး၍ အရာရှိ ၂ ဦး အခြားအဆင့် အခြားအဆင့် ၁၃ ဦး၊ လက်မှတ်ကုန်းနယ်မြေရဲစခန်း တောင်ဘက် ၅ မိုင်ခန့်အကွာ ညောင်လှနယ်မြေရဲစခန်း တွင် ဒုတိယ ရဲမှူး မိုးညို ဦးစီး၍ အရာရှိ ၃ ဦး အခြားအဆင့် ၁၁ ဦးဖြင့်လည်းကောင်း၊ လက်မှတ်ကုန်းနယ်မြေ ရဲစခန်း၏ မြောက်ဘက် ၃ မိုင်ခန့်အကွာ သုံးဆယ့်ခြောက် တံတားစစ်ဆေးရေးဂိတ် တွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် နေအောင်အပါအဝင် ၆ ဦး တို့က နေရာယူခဲ့ကြောင်း သိရသည်။

လက်မှတ်ကုန်းနယ်မြေရဲစခန်း၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက် လိုင်းလုံခြုံ ရေး(ကျည်ကြီး) တွင် ညောင်လှနယ်မြေရဲစခန်းမှ ရဲတပ် ကြပ်ကြီး လှမြင့် ပါ ၆ ဦး၊ လက်မှတ်ကုန်းနယ်မြေရဲစခန်း၏အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုံခြုံရေး(သပွတ်စု) တွင် လက် မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲတပ်ကြပ် ဌေးနိုင် ပါ ၆ ဦး တို့နေရာယူခဲ့ကြောင်း သိရသည်။

ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့အနေဖြင့် လက်မှတ်ကုန်းနယ်မြေရဲစခန်း၏ အရှေ့တောင် ဘက် ၇ မိုင်ခန့် အကွာ ယင်းမာချောင်း ပန့်စတေရှင်တွင် ရဲအရာခံ ဝင်း ညွန့် ပါ ၅ ဦး၊ လက်မှတ်ကုန်းနယ်မြေရဲစခန်း၏အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ အမှတ် ၁ ရေနံ မြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူးရုံးတွင် ယာယီရဲမှူး ညီညီလွင် ဦးစီး၍ အရာရှိ ၂ ဦး၊ အခြားအဆင့် ၁၀ ဦး တို့ကလည်း ကောင်း လုံခြုံရေးတာဝန်ယူခဲ့ကြောင်း သိရသည်။

ထို့အပြင် လက်မှတ်ကုန်းနယ်မြေရဲစခန်း၏ တောင်ဘက် ၅ မိုင် ၄ ဖာလုံခန့်အကွာ အမှတ် ၂ ရေနံ မြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ ကျောက်တိုက်ရဲတပ်စု တွင် ဒုတိယရဲအုပ် မျိုးမြင့်ထွန်း ဦးစီးပြီး ၆ ဦး၊ လက်မှတ်ကုန်းနယ်မြေရဲစခန်း၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ အမှတ် ၂ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ ရွှေဘုံသာရဲတပ်စိတ် တွင် ဒုတိယရဲအုပ် ဇော်သန်း ဦးစီးပြီး ၃ ဦးတို့က လုံ ခြုံရေးတာဝန်ယူခဲ့ကြောင်း သိရသည်။

ထိုသို့ လုံခြုံရေးအစီအစဉ်များကို မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ချောက်ခရိုင်၊ ရေနံချောင်းမြို့ နယ် အတွင်း PDF များ၏လှုပ်ရှားစုဖွဲ့မှုများနှင့်ပတ်သက်သည့်သတင်းများကို အလယ်ပိုင်းတိုင်း စစ်ဌာချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ထံ အချိန်နှင့်တပြေးညီတင်ပြထား ရှိကြောင်း ၊ ခွင့်ပြုချက်ရရှိပါက မကွေးတပ်နယ်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ ဦးစီး ထုတ် နှုတ်အင်အား၊ ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိဦးစီး ထုတ်နှုတ်အင်အားများ ပူးပေါင်း ၍ ချေမှုန်းရေးစစ်ဆင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှို့ဝှက်အစီရင်ခံစာက ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article