25 C
Yangon

စစ်မှုထမ်းဥပဒေကြောင့် တောင်ပိုင်းစစ်ဒေသက ၂ လအတွင်း PDF ရဲဘော် ၁၀၀၀ နီးပါး ရောက်ရှိ စစ်သင်တန်းဆင်းသွားပြီး ရဲဘော်သစ်များ ဆက်လက်ခေါ်ယူ လက်ခံနေ

Must read

ရန်ကုန်၊ ဇွန် ၆

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ၂ လအတွင်း PDF ရဲဘော် ၁၀၀၀ နီးပါး စစ်သင်တန်းဆင်းသွားပြီဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသက တရားဝင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မစစ်မှုထမ်းစေရေး ဥပ​ဒေသစ်ထုတ်ပြန်၍ ပြည်သူအချင်းချင်းတိုက် ခိုက်ရန် မတရားစေခိုင်းခြင်းကြောင့် လူငယ်အများစုသည် နီးစပ်ရာ လွတ်မြောက်နယ်မြေများထဲသို့ သွားရောက်ခိုလှုံကာ လက်နက်ကိုင်လမ်းစဉ်အား ရွေးချယ်လာကြကြောင်း၊ ထိုအထဲတွင် ပြည်သူလူထုကို ရှေး‌ရှု၍ စစ်မှန် သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ဖွဲ့စည်းတည်ထောင်ထားသော၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသသို့ ဝင်ရောက်ခိုလှုံ၍ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်ခုခံတွန်းလှန်ရန် ရောက်လာကြသူများ ရှိကြောင်း သိရှိရသည်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၃ အနေဖြင့် ဝင်ရောက်ခိုလှုံလာသူများကို စိစစ်လက်ခံပြီး အခြေခံစစ်ပညာသင်တန်းများနှင့် သက်ဆိုင်ရာဌာနအလိုက် ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးခဲ့ရာ ပြီးခဲ့သည့်ဧပြီလနှင့် မေလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားဦးရေ ၉၅၉ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

“အခုထက်ထိတော့ ရဲဘော်အသစ်တွေ ဆက်လက် လက်ခံနေပါတယ်” ဟု တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဒေသအဆင့် ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ကြောင်း၊ ဧပြီလမှ စတင်၍ လူငယ်များကို အတင်းအကျပ် စစ်မှုထမ်းခိုင်းကာ လစဉ် စစ်သင်တန်းများ ပုံမှန်ဖွင့်လှစ်၍ စစ်သားသစ်များ ထောင်ချီ စုဆောင်း လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article