25 C
Yangon

နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူများပြား

Must read

နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူများပြား

ရန်ကုန်၊ ဇွန် ၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူများပြားကြောင်း မြင်းခြံခရိုင် အမှတ် – ၈ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် နွားထိုးကြီးမြို့နယ်၊ စိန်ပန်းကျင်းရွာမှ မာန်လည်ရွာ အနောက်ပိုင်းတွင် တပ်စွဲနေသော အင်အား ၆၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မွန်းလွဲ ၁၂ နာရီခန့်တွင် မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ဒရုန်းများဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မဲကြီးပင်ရွာထဲကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“ကျွန်တော်တို့ လက်နက်တွေတော့ သိမ်းဆည်းရမိတာ မရှိပါဘူး။ စစ်ခွေးတွေကျန်ခဲ့တဲ့ ၆၀ မမ စိန်ပြောင်း ဗုံးသီး ၂ လုံးတော့ သိမ်းဆည်းရရှိတယ်” ဟု မြင်းခြံခရိုင် အမှတ် – ၈ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF နှင့် အတူ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း၊ MDY PDF၊ မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ ၊ မလှိုင်မြို့နယ် ပကဖ နှင့် ဗိုလ်စားပြောက်ကျား တပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article