25 C
Yangon

တပ်မ ၇၇ လက်အောက်ခံ ဆက်သွယ်ရေးတပ်ခွဲမှ အကြပ်နှင့်စစ်သည် ၇ ဦး၏ ဇနီးများက ၎င်းတို၏ခင်ပွန်းများ ကို စွန့်ခွာသွားမှု တပ်တွင်း ဟိုးလေးတကျော်ကျော်ဖြစ်

Must read

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၏ ကိုယ်ရေးအရာရှိ အိမ်ထောင်သည် ဗိုလ်ကြီးက အရာရှိတစ်ဦး၏ ဇနီးလောင်းနှင့် အိမ် ထောင်ရေး၊ လူမှုရေး ဖောက်ပြန်

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုတွင် စစ်ကြောင်းထိုး တာဝန်ကျနေသော တပ်မ ၇၇ လက်အောက်ခံ ဆက်သွယ်ရေးတပ်ခွဲ (တပ်မ ၇၇ ဆက်သွယ်ရေးတပ်ခွဲ) မှ အကြပ်နှင့်စစ်သည် ၇ ဦး၏ ဇနီးများက ၎င်းတို၏ ခင်ပွန်းများကို စွန့်ခွာသွားမှုက စစ်ကောင်စီတပ်အတွင်း ဟိုးလေးတကျော်ကျော်​ဖြစ်နေကြောင်း လေတပ်သတင်းရင်းမြစ် Operation Spitfire နှင့် တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

တပ်မ ၇၇ ဆက်သွယ်ရေးတပ်ခွဲမှ အကြပ်နှင့် စစ်သည် ၇ ဦးတို၏ ဇနီး ၇ ဦးမှာ နောက်တန်းတွင် ၎င်းတို၏ ခင်ပွန်းများကို စွန့်ခွာသွားခြင်း၊ နောက်ထပ် အိမ်ထောင်ပြုခြင်း၊ အခြားသော အမျိုးသားများနှင့် လိုက်ပြေးသွားခြင်းတိုဖြင့် ရှေ့တန်းရောက်နေသော ၎င်းတို ခင်ပွန်းများကို စွန့်ပစ်သွားကြကြောင်း ၊ အဆိုပါ စွန့်ခွာသွားမှု သတင်းသည် အကြပ်နှင့်စစ်သည် ၇ ဦးလုံး၏ ဇနီးမယားများက ရှေ့ဆင့် နောက်ဆင့်ဆိုသလို ဖြစ်ပေါ်ခြင်းဖြစ်၍ စစ်ကောင်စီတပ်အတွင်း ယင်းဖြစ်စဉ်မှာ လူပြောများသည့် ကိစ္စဖြစ်လာကြောင်း သိရှိရသည်။

“အိမ်ထောင်တွေရဲ့ အကောင်းမွန်ဆုံး အချိန် ခင်ပွန်းဖြစ်တဲ့သူတွေက ရှေ့တန်းမှာ ဘယ်နှစ်နှစ်ကြာမှ ပြန်ရောက်မယ်မှန်း အာမခံချက်မရှိ၊ အသက်ရှင်လျက် ပြန်လာမလားလည်း အာမခံချက် မရှိတာကြောင့် ဘဝရှေ့ရေးအ တွက် တချိုလည်း နောက်ယောင်္ကျားယူတယ်။ တချိုလည်း တပ်ထဲမှာ လှောင်ပိတ်မနေနိုင်လို ခင်ပွန်းကို မပေါင်းတော့ဘဲ စွန့်ခွာသွားကြတာ။ သားသမီးပါ တစ်ခါတည်း ခေါ်သွားတဲ့သူတွေ ရှိသလို တချိုကတော့ ကလေးမရကြသေးတော့ လက်ရှိခင်ပွန်း အလာမစောင့်တော့ဘဲ ထွက်သွားကြတာ” ဟု လေတပ်သတင်းရင်းမြစ် Operation Spitfire က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ထိုပြင် လတ်တလော စစ်ကောင်စီတပ်အတွင်း အရာရှိနှင့်စစ်သည်များမှာ ရှေ့တန်းတွင် နှစ်ချီ၍ စစ်တိုက်နေရပြီး နောက်တန်းမပြန်ရသဖြင့် နောက်တန်းတွင် လူမှုရေး ဖောက်ပြန်မှုများစွာ ဖြစ်ပေါ်နေကြောင်း၊ ခင်ပွန်းဖြစ်သူ ရှေ့တန်း သို နှစ်ချီ၍ ရောက်ရှိနေချိန် လင်ကောင်မပေါ်ဘဲ ဗိုက်ကြီးကိုယ်ဝန်ရှိနေသည့် အမှုများ၊ စစ်တပ်အတွင်း လူမှုရေး ပြဿနာများဖြင့် တိုင်တန်းမှုများ အများဆုံးရှိနေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၏ ကိုယ်ရေးအရာရှိ အိမ်ထောင် သည် ဗိုလ်ကြီး ဇေယျာဝင်းက ဒကစ (စစ်တွေ)မှ တာဝန်ကျ တပ်ကြပ်ကြီးစာရေးမ ခင်ကြည်ဖြူနှင့် အိမ်ထောင်ရေး၊ လူမှုရေး ဖောက်ပြန်နေကြောင်း၊ ဗိုလ်ကြီးဇေယျာဝင်း ၏ ဇနီးမှာ စစ်တွေတွင် လိုက်ပါ နေထိုင်ခြင်းမရှိကြောင်း၊ ထိုကြောင့် ဗိုလ်ကြီးဇေယျာဝင်းက တပ်ကြပ်ကြီး စာရေးမ ခင်ကြည်ဖြူနှင့် လူမှုရေး ဖောက် ပြန်ခဲ့ကြောင်း၊ တပ်ကြပ်ကြီးစာရေးမ ခင်ကြည်ဖြူမှာ ဒကစ(စစ်တွေ)မှ ရိပ်သာတာ၀န်ခံ အရာရှိ ဗိုလ်ကြီး ရန်နောင်စိုးနှင့် လက်ထပ်ခွင့် တင်ထားကြောင်း သိရှိရသည်။

“စစ်တပ်ထဲမှာက လူမှုရေး အရှုပ်အရှင်းတွေကတော့ အရမ်းများပါတယ်။ ထင်သာမြင်သာဆိုရင်တော့ နပခ တိုင်းမှူး ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဇေယျာဝင်းက အိမ်ထောင်သည်ပါ။ အဲဒါကို စကခ ၉ ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းကိုရဲ့ တူမ တပ်ကြပ်ကြီးစာရေးမ ခင်ကြည်ဖြူနဲ့ ဖောက်ပြန်တယ်။ နပခ တိုင်းမှူးမှာ ဒကစ(စစ်တွေ) ရုံးဌာနချုပ်မှာ အခြေပြု၍တိုက်ပွဲတွေ ကွပ်ကဲနေချိန်မှာ တိုင်း မှူးရဲ့ PSO နဲ့ တပ်ကြပ်ကြီး စာရေးမတို အိမ်ထောင်ရေး ဖောက်ပြန်ကြတာ။ အဲဒီတပ်ကြပ်ကြီး စာရေးမ ခင်ကြည်ဖြူကလည်း ဒကစ(စစ်တွေ) ရိပ်သာတာ၀န်ခံ အရာရှိ ဗိုလ်ကြီး ရန်နောင်စိုးနဲ့ လက်ထပ်ဖိုအထိ ခွင့်တင်ထားတာ။တွဲနေကြတာ။ တိုင်းမှူး PSO ဖြစ်တော့ တိုင်လည်း မတိုင်ရဲ အဲဒီလိုတွေဖြစ်နေတာ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – ရှေ့တန်းထွက်ကြမည့် အကြမ်းဖက်စစ်တပ်မှ အရာရှိနှင့်စစ်သည်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရှေ့တန်းထွက်ကြမည့် အကြမ်းဖက်စစ်တပ်မှ အရာရှိနှင့်စစ်သည်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article