25 C
Yangon

စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၃ ရက်ဆက်တိုက်ခိုက်မှု စစ်ကြောင်းမှူးအပါအဝင် ၄ ဦး သေဆုံး

Must read

စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၃ ရက်ဆက်တိုက်ခိုက်မှု စစ်ကြောင်းမှူးအပါအဝင် ၄ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၈

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၃ ရက် ဆက်တိုက် တိုက်ခိုက်ခဲ့ ရာ စစ်ကြောင်းမှူးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၅ ရက်နေ့က စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းမှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာ သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဇွန်လ ၇ ရက်နေ့အထိ ၃ ရက်ဆက်တိုက် အကြိမ် ကြိမ်လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးဖြစ်သူ အပါအ ဝင် အရာရှိ ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အောင်မြင့်မြတ်အတွက် ကလဲ့စားချေနိုင်ခဲ့လို့ ရဲဘော်တွေ ပျော်နေကြပါတ ယ်။ ၃ ရက်ဆက်တိုက်ဖြစ်တာဆိုတော့ တရကြမ်းပစ်တာပါ သူတို့လည်း။ ၅ ရက်နေ့က စဖြစ်တာ ၇ ရက်နေ့ ညနေ ၃ နာရီလောက်မှာ သူတို့ ကျည်အင် အား နည်းပြီး သူတို့ စက်လက်တွေက ပျက်ပြီး ပစ်မရတော့လို့ ပြန်ဆုတ်သွားတာလို့ ဖရဲသီး ကပြောတယ်”ဟု မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၄ တပ်ရင်း၊ အမှတ် ၅ တပ်ရင်း၊ စလင်း (ပကဖ) ၊ ဒေါင်းစစ်အောင် ၊ SLN LPDF ၊ မကွေးခရိုင် တပ်ရင်း ၁ ၊ မကွေးတိုင်းလက်ရုံး ဒရုန်းအဖွဲ့နှင့် မိုးကြိုးပြောက်ကျားတပ်ရင်း ၁၀၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article